ဘာကာနဲ့ အာဆင်နယ်အကြား ကစားသမားအလဲအထပ်ဖြစ်လာမလား
ဘာစီလိုနာအသင်းဟာ တိုက်စစ်မှုး အူဘာမီယန်ကို သူတို့ရဲ့ကစားသမား ဒမ်ဘီလီနဲ့ အလဲအထပ်လုပ်ဖို့ ကြိုးစားဖွယ်ရှိတယ်လို့ Metro UK ကဖော်ပြလာပါတယ်။ အူဘာမီယန် ကို အသင်းခေါင်းဆောင်အဖြစ်က တရားဝင်ဖယ်ရှားကြောင်းအသင်းဖက်က ထုတ်ပြန်ပြီးတဲ့နောက်မှာ ကစားသမားနဲ့ အသင်းကြားအနာဂတ်မရှိတော့ဘူးလို့ ယူဆလာကြတဲ့နောက်အပြောင်းအရွှေ့သတင်းတွေက ပိုဆူညံလာခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှုးအနေနဲ့ အသင်းပြောင်းရွှေ့ကစားတဲ့အခါ သူ့ရဲ့လစာနှုန်းထားကိုတော့ လျှော့ယူရဖွယ်ရှိတယ်လို့လဲ အဆိုပါသတင်းမှာ ရေးသားထားပါတယ်။
အာဆင်နယ်ခေါ်ယူချင်ရင် ခေါ်ယူနိုင်မယ့် ဂျာမန်အခြေစိုက်တိုက်စစ်မှုးများ
Football London သတင်းစာက အာဆင်နယ်အနေနဲ့ အသစ်ခန့်အပ်လိုက်တဲ ဂျာမန်စျေးကွက်ကျွမ်းကျင်သူ ဘလူချယ်ကြောင့် အူဘာမီယန်နေရာကိုအစားထိုးဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဂျာမန်စျေးကွက်ထဲက တိုက်စစ်မှုး ၃ ယောက်ကိုဖော်ပြလာပါတယ်။ ယင်း ၃ ယောက်မှာ ပက်စရစ်ရှာရစ် (လီဗာကူဆင် ၊ ယခုရာသီသွင်းဂိုး ၁၄ ဂိုး ) ၊ အင်ဒရေဆေးဗား (လိုက်ဇစ် ၊ ယခုရာသီသွင်းဂိုး ၇ ဂိုး ) နဲ့ ဝက်ဟော့စ် (ဝုဘတ် ၊ ယခုရာသီသွင်းဂိုး ၅ ဂိုး) တို့ပဲဖြစ်ပါတယ်။
ဘန်ဝှိုက်အကြောင်းရှင်းပြတဲ့ တိုမီယာစု
တောင်ပံခံစစ်သမား တိုမီယာစုက ဘာကြောင့် ဘန်ဝှိုက်က သူ့ကို လူသိပ်မပေးလဲဆိုတာကို အခုလိုရှင်းပြခဲ့ပါတယ်။
ဘင်ဝှိုက်က တကယ်ထူးချိန်တဲ့ ကစားသမားမို့ လူမပေးတာပါ။ ဗဟိုနောက်ခံလူအနေနဲ့ အစွန်ကိုဘောလုံးပေးတယ်ဆိုတာ ဖိအားတွေသိပ်များလာချိန်မှသာဖြစ်နိုင်တာမျိုးပါ။ ကျွန်တော်က ဗဟိုနေရာကစားဖူးတော့ ဒီအကြောင်းနားလည်ပါတယ်။ ပေါ့ပေါ့ပါးပါးအပေးအယူမျိုးကလွဲရင် အစွန်ကိုပေးတာက အန္တရာယ်များပါတယ်။ တဖက်အသင်းရဲ့ Pressing မှာ ဘောလုံးဆုံးသွားနိုင်ပါတယ် လို့ ရှင်းပြရင်း ကစားဖော်ကိုချီးကျူးသွားခဲ့ပါတယ်။
အသင်းခေါင်းဆောင်သစ်ခန့်ထားရေး အကြံပြုလာတဲ့ ဂန္တဝင်
အာဆင်နယ်ဂန္တဝင်ကြီး မာတင်ကီအွန်ကတော့ အာတီတာအနေနဲ့ ရှာခါကို အသင်းခေါင်းဆောင်အဖြစ်ပြန်ခန့်ထားမယ်လို့ မယူဆကြောင်း ၊ ဂါဘရီရဲလ်နဲ့ ဘန်ဝှိုက်တို့က သင့်တော်သူများဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အာတီတာကတော့ အသင်းခေါင်းဆောင်အစုအဖွဲအတိုင်းဆက်သွားမယ်လို့ပြောထားပြီး ၊ အစီအစဥ်အရဆိုရင်တော့ ရှာခါနဲ့ ဟိုးဒင်းတို့က အစဥ်လိုက်ရှိနေကြပါတယ်။
ဝိုင်နယ်ဒန်ကို စီးရီးအေဖက်ကလည်းမျက်စေ့ကျနေ
အာဆင်နယ်အသင်းက ခေါ်ယူဖွယ်ရှိတယ်လို့ ဖော်ပြနေကြတဲ့ နယ်သာဘန်ကစားသမာ ဝိုင်နယ်ဒန် ကို စီးရီးအေကလပ် အင်တာကလည်း ဝင်ရောက်ကြိုးစားလာပြီဖြစ်တယ်လို့ Footy Extra ရဲ့ သတင်းအရ သိရပါတယ်။ အဆိုပါ ၃၁ နှစ်သားဟာ ပိုချက်တီနိုလက်အောက်မှာနေရာရဖို့ခက်ခဲနေတာကြောင့် အသင်းပြောင်းမယ်လို့ သတင်းတွေထွက်လာခဲ့ပြီးနောက် ၊ ကွင်းလယ်လူလိုအပ်နေတဲ့ အာဆင်နယ်အတွက် သင့်တော်တယ်လို့ သုံးသပ်နေကြတာဖြစ်ပါတယ်။