နောက်ဆုံးရ အာဆင်နယ် သတင်းများ (14Dec-10am)

ကိုဗစ်စည်းမျဥ်းတွေမြှင့်တင်ထားတဲ့ အာဆင်နယ်

လေ့ကျင့်ရေးကွင်းဝန်ထမ်းအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကိုတွေ့ရှိရတာကြောင့်  အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကျန်းမာရေးစည်းကမ်းနဲ့ အစီအမံတွေကို ပိုမိုတိုးမြှင့်လိုက်တယ်လို့   The Athletic သတင်းဌာနကဖော်ပြသွားပါတယ်။ လက်ရှိအချိန်မှာ ကစားသမားတွေကိုတော့  ရောဂါကူးစက်ခံရခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဘိုင်ယန်ကင်းထောက်ချုပ်ဟောင်းကို အသင်းမှာခေါ်ယူခန့်ထားလိုက်တဲ့ အာဆင်နယ်

အသင်းရဲ့ကင်းထောက်လုပ်ငန်းတွေကို ပိုမိုအားကောင်းလာစေဖို့အတွက် အာဆင်နယ်တို့ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကင်းထောက်နည်းစနစ်ချုပ်ဟောင်းကို ခေါ်ယူလိုက်တယ်လို့   Football London ကဖော်ပြလာပါတယ်။ ဖလိုရီယန် ဘလူချယ် ဟာ အသက် ၃၇ နှစ်သာရှိသေးပြီး  စပိန် ၊ အီတလီ ၊ ပိုလန် ၊ ချက် ၊ မြောက်အမေရိကနဲ့  ဂျာမနီဖက်က ကစားသမားတွေကို အဓိကထားခေါ်ယူတတ်သူဖြစ်ပြီး  အာဆင်နယ်အသင်းမှာတော့  ဂျာမနီ ကစားသမးလေးတွေကို အဓိကထား လေ့လာသွားမယ်လို့ သိရပါတယ်။

Advertisements

အာတီတာအနေရာကိုအစားထိုးဖို့ ဝါရင့်နည်းပြတစ်ဦးကိုချဥ်းကပ်နေတယ်လို့ဆို

အာတီတာအနေနဲ့ အသင်းကို ရုန်းကန်နေရတဲ့ သံသရာထဲမှာပဲ လည်နေတာကြောင့် ခုထက်ပိုရလဒ်တွေဆိုးလာခဲ့ရင် အစားထိုးဖို့အတွက် ဘင်ဖီကာနည်းပြ ‌ဂျော့ဂျီးဆပ်စ် ကိုချဥ်းကပ်နေတယ်လို့  Torcedores Report သတင်းဌာနကဆိုပါတယ်။  အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဂျီးဆပ်စ်ဟာ  ကလပ်အသင်း ၁၄ သင်းနဲ့ ပွဲပေါင်း ၁၂၀၀ လောက်နည်းပြဖူးသူဖြစ်ပေမယ့် ပရီးမီးယားလိဂ်အတွေ့အကြုံတော့မရှိသေးပါဘူး။

ဗလာဟိုဗစ်ကို စပါးအသင်းပြောင်းဖို့တိုက်တွန်း

အီတလီနောက်ခံလူဟောင်း ဒန်နီယယ်လီအဒါနီက ဗလာဟိုဗစ်ကို  စပါးအသင်းထံသာပြောင်းကစားဖို့  Bobo TV နဲ့တွေ့ဆုံစဥ်မှာ တိုက်တွန်းလိုက်ပါတယ်။  သူက   ဘာကြောင့် ကွန်တီနဲ့ စပါးကို မရွေးချယ်ရမှာလဲဗျာ .. ကွန်တီက ဗလာဟိုဗစ်ကို နောက်တစ်ဆင့်မြှင့်ပေးမယ့်သူပါ။ အင်တာမှာ လူကာကူ ကိုကူညီခဲ့သလိုပဲ ဗလာဟိုဗစ်ကို တိုးတက်စေမယ့်သူဖြစ်ပါတယ်   လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရလဲ ဗလာဟိုဗစ်ကို အာဆင်နယ်က လိုချင်နေပေမယ့် ကစားသမားက မပြောင်းလိုဘူးလို့ သိရပါတယ်။

ဘာစီလိုနာနဲ့ အာဆင်နယ်အကြားကစားသမားအလဲအလှယ်တွေဖြစ်လာမလဲ

စပိန်သတင်းစာ   El Nacional ရဲ့ရေးသားလာမှုအရ  ဘာကာနည်းပြဇာဗီဟာ  အူဘာမီယန်ကို သူတို့ရဲ့တိုက်စစ်အတွက်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ တချိန်ထဲမှာပဲ စပိန်သတင်းထောက် ဂျရတ်ရိုမီရို ရဲ့  အဆိုအရ  ဒီဂျောင် နဲ့ ဆာဂျီနိုဒက်စ် တို့ကို လာမယ့်အပြောင်းအရွှေ့မှာ ငွေဖော်လိုတာကြောင့် ပြန်လည်ရောင်းချဖွယ်ရှိနေတယ်လို့လဲဆိုပါတယ်။  Football London ကတော့  အီဒူးအနေနဲ့  အူဘာမီယန်ကိုအသုံးချပြီး ဒီဂျောင်ကို ကြိုးစားသင့်တယ်လို့ ရေးသားထားပါတယ်။ ဒီဂျောင်ရဲ့  စျေးဟာ ရဲ့ဖော်ပြချက်အရ ပေါင် ၈၁ သန်း ခန့်ရှိနေပါတယ်။

Advertisements

Leave a Reply

%d bloggers like this: