နောက်ဆုံးရ အာဆင်နယ် သတင်းများ (13Dec-10am)

ဂိုးတွေမြူးတော့မယ်လို့ ယုံကြည်နေတဲ့ ဆာကာ

စိန့်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အာဆင်နယ်တောင်ပံကစားသမားလေးဆာကာ က

ကျွန်တော်  ဂိုးတွေမြူးတော့မှာပါ။ ဒီအတွက် အသင်းရဲ့စွမ်းဆောင်ရည်ကိုလဲပြသခဲ့ပြီးပါပြီ။ ကျွန်တော်လဲ တိုင်တစ်လုံးထိခဲ့တယ်။ ဒါပေမယ့် ဂိုးတွေကတော့ဆက်လာတော့မှာပါ။ ကျွန်တော်သိနေပါတယ်  လို့    BBC ကိုပြောခဲ့ပါတယ်။ ကစားသမာလေးဟာ ဒီရာသီအာဆင်နယ်အသင်းအတွက် ၂ ဂိုးသွင်းပေးထားခဲ့ပြီး အသင်းအတွက် ကစားသမားဘဝတစ်လျှောက်မှာတော့ ၁၄ ဂိုးသွင်းပေးထားနိုင်သူဖြစ်ပါတယ်။

တီယာနေနဲ့ အိုဒီဂတ်က အသင်းအတွက်အရေးပါလာခဲ့ပြီလို့  ထောက်ပြ

တီယာနေ နဲ့  အိုဒီဂတ် တို့ဟာ အာဆင်နယ်အတွက်အရေးပါတဲ့ ကစားသမားတွေဖြစ်လာနေပြီလို့   Football London က သုံးသပ်ဖော်ပြသွားပါတယ်။ အဆိုပါကစားသမားနှစ်ယောက်ဟာ တာဗာရက်စ် နဲ့ စမစ်ရိုးတို့ကို ဦးစားပေးနေခဲ့တဲ့ အာတီတာရဲ့ ကစားပုံကြောင့် လွန်ခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ပထမနေရာနဲ့ဝေးနေကြသူတွေဖြစ်ကြပြီး ၊ အိုဒီဂတ်ဆိုရင် ခြေစွမ်းပါသိပ်မပေါ်လို့  ပရိတ်သတ်တွေရဲ့  အပြစ်တင်မှုကိုပါရရှိခဲ့သူဖြစ်ပါတယ်။

Advertisements

မာတင်နယ်လီကိုသာရဲရဲဝံ့ဝံ့နေရာပေးဖို့ ဆောင်းပါးရှင်တိုက်တွန်း

Football London သတင်းဌာနရဲ့ဆောင်းပါးရှင်    ဘိုင်လေကီယို့   က အာဆင်နယ်နည်းပြအာတီတာအနေနဲ့ မာတင်နယ်လီကိုပဲ  အူဘာမီယန်နေရာမှာ ရဲရဲဝံ့ဝံနေရာပေးသင့်ကြောင်း တိုက်တွန်းရေးသားသွားပြီး ၊ ထိပ်တန်းတိုက်စစ်မှုးတွေတောင်ခြေပျက်နေတတ်တဲ့သဘောနဲ့နှိုင်းယှဥ်ပြီးရေးသားသွားခဲ့ပါတယ်။ မာတင်နယ်လီဟာ ဒီရာသီပွဲထွက်ခွင့်သိပ်မရပေမယ့်  ၁ ဂိုးသွင်း ၊ ၂ ကြိမ်ဖန်တီးပေးထားနိုင်ပြီး ပွဲချိန်တွေမှာလဲ ထိရောက်တဲ့ခြိမ်းခြောက်မှုတွေကို ပုံမှန်ပြုလုပ်နိုင်သူဖြစ်ပါတယ်။

ဗလာဟိုဗစ်ကို စီးတီးကိုသာပြောင်းစေချင်တဲ့ အီတလီတိုက်စစ်မှုးဟောင်း

အီတလီတိုက်စစ်မှုးဟောင်း  ကာဆာနိုက   ဗလာဟိုဗစ်အနေနဲ့အသင်းတော်တော်များများက ခေါ်ယူဖို့စိတ်ဝင်စာမှုကို ခံနေရတယ်ဆိုပေမယ့်  မန်စီးတီးနည်းပြ ဂွာဒီယိုလာလို ပုဂ္ဂိုလ်မျိုးနဲ့လက်တွဲတာက သင့်တော်ကြောင်း Calciomercato  နဲ့တွေ့ဆုံရာမှာပြောကြားခဲ့ပါတယ်။ သူက    ဗလာဟိုဗစ်က ဂွာဒီယိုလာနဲ့ မန်စီးတီးဆီသွားသင့်တယ်ဗျ .. သူဘာကိုရွေးချယ်မလဲတော့မပြောတတ်ပါဘူး။ ဒါပေမယ့်  မှန်ကန်တဲ့နည်းပြအောက်မှာဆိုရင် တစ်ရာသီတည်းနဲ့ ဟာလန်းလိုအဆင့်မျိုးကို သူရောက်သွားမှာပါ။ သူ့ကိုဘယ်လိုသုံးရမှန်းမသိတဲ့နည်းပြနဲ့ဆိုရင်တော့ သူ့ရဲ့တိုးတက်မှုက ရပ်တန့်သွားမှာပါ   လို့ဆိုခဲ့တာပါ။

အသင်းကြီးတွေကြားရေပန်းစားနေတဲ့ အာဆင်နယ်လူငယ်တိုက်စစ်မှုး

အာဆင်နယ်အသင်းဟာ သူတို့ရဲ့  U18  တိုက်စစ်မှုး ခါယွန် အက်ဒွက်ကို ချဲလ်ဆီး၊ နယူးကာဆယ် ၊ လိဒ်စ် အသင်းတွေက စိတ်ဝင်စားနေကြတာဖြစ်လို့ ထွက်ခွာမသွားအောင်ကြိုးစားရတော့မှာဖြစ်တယ်လို့    Daily Mail ကဖော်ပြလာပါတယ်။ အာဆင်နယ်ဖက်ကလည်း သူတို့ရဲ့လူငယ်ကို ရောင်းချသွားမှာမဟုတ်ပဲ ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းဆီကို အငှားချဖို့စီစဥ်နေတယ်လို့ဆိုပါတယ်။ အဆိုပါလူငယ်လေးဟာ အာဆင်နယ်  အတွက်  ၁၂ ပွဲသာကစားပေးရသေးပေမယ့် ၉ ဂိုးသွင်းပြီး  ၄ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်၊

Advertisements
Advertisement

Leave a Reply

%d bloggers like this: