အသင်းရဲ့တိုက်စစ်ကအားပိုကောင်းလာပါတယ် – အာတီတာ

ပရီးမီးယားလိဂ်နိုင်ပွဲအပြီးမှာ နည်းပြအာတီတာက သူ့ရဲ့အသင်းဟာ ပိုပြီး ပြင်းပြင်းထန်ထန်ကစားလာနိုင်တယ်လို့ ယုံကြည်နေပြီး ၊ နိုင်ပွဲတွေနဲ့ ပိုမိုနီးစပ်လာတယ်လို့ ခံယူလျှက်ရှိပါတယ်။

ပေးပို့မှု ၁၆ ချက်နဲ့ အလက်ဇန်ဒါးလာကာဇက်ရဲ့ အဆုံးသတ်ပေါင်းစပ်ထားတဲ့ သိပ်လှတဲ့ဂိုးကိုသွင်းယူပြီးတဲ့နောက်မှာတော့  အာဆင်နယ်တို့ဟာ ပွဲကိုထိမ်းချုပ်သွားခဲ့ပြီး နောက်ထပ် ၂ ဂိုးကို အဆီးအတားမရှိထပ်မံသွင်းယူလိုက်ပါတယ်။  ဒါ့အပြင် တိုင် ၂ လုံးထိသွားတဲ့တိုက်စစ်ဆင်မှုတွေကိုလည်းပြုလုပ်နိုင်ခဲ့ပါသေးတယ်။

ကျွန်တော်သိပ်ပျော်နေပါတယ်   လို့ နည်းပြအာတီတာက Arsenal Media  ကို ပွဲအပြီးမှာပြောပါတယ်။

ပထမပိုင်း ၁၅ မိနစ် နဲ့ မိနစ် ၂၀ လောက်မှာ  ခက်ခက်ခဲခဲစတင်ခဲ့ရပေမယ့် ပွဲကိုထိမ်းချုပ်နိုင်ခဲ့ပြီး ဂိုးလဲသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အသင်းက ယုံကြည်မှုရသွားခဲ့ပြီး  ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ကစားသွားနိုင်ပါတယ်   လို့ဆိုပါတယ်။

ပွဲက ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာရှိနေခဲ့တယ်။  သိပ်လှပတဲ့ ဂိုး ၃ ဂိုးသွင်းယူခဲ့တယ်။  နောက်ထပ်ဂိုးတွေတောင်ရနိုင်ခဲ့ပါသေးတယ်။  ဒီနေ့လုပ်သွားတဲ့ စွမ်းဆောင်ရည်တွေဟာ သိပ်ကိုကောင်းမွန်တာကြောင့် တကယ်ကိုပျော်ရွင်မိပါတယ်။

အာတီတာက  ပထမဂိုးကြောင့်ပျော်ရွင်ရသလို တိုက်စစ်ကစားပုံကြောင့်လည်း  တော်တော်လေး ကျေနပ်နေပါတယ်။

အခြေအနေမျိုးစုံကနေ ဂိုးသွင်းယူနိုင်ဖို့လိုပါတယ်။ ပထမဆုံးဂိုးလိုတော့ အခွင့်အရေးတွေက အမြဲရနေဖိုမလွယ်ပါဘူး။  ဒီနေ့ပွဲမှာ  ပုံစံ ၃ မျိုးနဲ့   ၃ ဂိုးသွင်းသွားနိုင်ခဲ့ပါတယ်။ အသင်းက အများကြီးပိုပြီးကြောက်ဖို့ကောင်းလာပါတယ်။  တိုက်စစ်ဆင်မှုတွေက အလွန်အားကောင်းခဲ့ပါတယ်။ ကျွန်တော် သိပ်ပျော်ရွင်မိပါတယ်  လို့ဆိုခဲ့ပါတယ်။

ယခုအပတ်ပွဲစဥ်များအပြီးမှာ  အာဆင်နယ်အသင်းဟာ အဆင့် ၆ နေရာမှာရပ်တည်နေပြီး  ပွဲစဥ်ဇယားရဲ့ အဆင့် ၄ ကနေ ၁၀ အတွင်းအမှတ်ကွာခြားမှုဟာ ၈ မှတ်သာရှိနေပါတယ်။

မူရင်းဆောင်းပါး –  www.arsenal.com   (We were more of an attacking threat)

Advertisement

Leave a Reply

%d bloggers like this: