ဥရောပအဆင့်အတွက် ရုန်းကန်မှုမှာ ထဲထဲဝင်ဝင်ရှိလာတဲ့ အာဆင်နယ် (အာဆင်နယ် ၃-၀ စိန့်)

၃-၀ နဲ့ စိန့်တို့ကိုနိုင်အပြီးမှာတော့ အာဆင်နယ်တို့ဟာ ဖိအားတွေအောက်က ခနတာ လွတ်မြောက်ခဲ့ပြန်ပါပြီ။  တကယ်တော့ လူငယ်တွေရဲ့ အားရယ်၊ လေးလံထိုင်းမှိုင်းမှုတွေ မရှိခဲ့တော့တာ ကလွဲရင် ကစားပုံနဲ့ ပွဲကိုစိုးမိုးနိုင်မှုအပိုင်းမှာ ပြောစရာများစွာရှိနေပါသေးတယ်။ ဒါပေမယ့် အသင်းကိုဆွဲချနေတဲ့ အရာတစ်ချို့ စတင်ပျောက်ကွယ်တဲ့ အချက်နဲ့တင် အားရစရာတွေ မြင်စပြုလာရပါတယ်။

ပွဲမစခင်မှာပဲ အသင်းခေါင်းဆောင်အူဘာမီယန်တစ်ယောက်စည်းကမ်းပိုင်းဆိုင်ရာ ပြသနာကြောင့် ချန်လှပ်ခံရပြီးတဲ့နောက် အာဆင်နယ်ရဲ့ဘယ်ဖက်ခြမ်းဟာ လုံးဝကစားပုံ အသစ်တစ်ခုကို မြင်ရပါ တော့တယ်။ တာဗာရက်စ်ဟာ တီထွင်ဖန်တီးမှုရှိပြီး ကစားအားကောင်းတဲ့ တောင်ပံနောက်ခံ လူတစ်ယောက် ဖြစ်ပေမယ့်  ဆန်းသစ်မှုနဲ့ မလိုလားအပ်တဲ့ အဆန်းထွင်မှု မကွဲပြားသေးတဲ့အချိန်မှာ ပွဲတိုင်းထည့် ကစားတာဟာ ကစားသမားကိုလည်းတိုးတက်မှုနှေးစေမယ်လို့ ယူဆပါတယ်။ အထူးသဖြင့် မန်စီးတီးလို အသင်းကြီးတစ်သင်းကစပြီး စိတ်ဝင်စားလာတယ်ဆိုတဲ့အချိန်မျိုးမှာ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ အားထည့်ကစားတဲ့ တီယာနေနဲ့ မာတင်နယ်လီတို့ရဲ့ ဘယ်ဖက်ခြမ်း တိုက်စစ်ဟာ နုပျိုမှုနဲ့ အင်အားကိုပေါင်းစပ်နိုင်ခဲ့ကြသလို ဖန်တီးမှုတွေလဲပြုလုပ်ရင်း သက်သေပြနိုင်ခဲ့ကြပါတယ်။

Advertisements

အသင်းသစ် တစ်သင်းလိုဖြစ်သွားတဲ့အာဆင်နယ်ဟာ ရှေ့တန်း ၊ အလယ်တန်း နဲ့ နောက်တန်းကစားသမားတွေရဲ့ ကိုယ်စီဂိုးသွင်းယူနိုင်ခြင်းဆိုတဲ့   အသင်းလိုက် Rhythm ကိုရရှိခဲ့ပြီး ၊ အစားထိုး ဝင်ကစားခဲ့ကြတဲ့ ကစားသမားတွေရဲ့ခြေစွမ်းပြမှုကိုလည်း အကျိုးခံစားခဲ့ရပါတယ်။  စမစ်ရိုးမပါနိုင်ချိန် Alternative Player   ဖြစ်တဲ့ အိုဒီဂတ် အကောင်းဆုံးကစားသွားပြီး ၊ အူဘာနေရာကွက်တိ ဝင်ကစားတဲ့ မာတင်နယ်လီကတော့ အားလုံးနှစ်သက်ရလောက်အောင်ကို ခြေစွမ်း ပြခဲ့တာပါ။

ပွဲအစ မိနစ် ၂၀ လောက်အထိ ကစားပုံတည်မရသလို ၊  Team Play လဲ မတည်ဆောက်နိုင်ခဲ့ပါဘူး။  စိန့်တို့ရဲ့  အမ်းစ်ထရောင်းနဲ့ ဝဒ်ပရောက်စ် တို့ရဲ့ထိုးဖောက်မှုတွေ၊   တိုမီယစုဖက်ခြမ်းက  Overlap တွေနဲ့ တိုးဝင်မှုတွေကြောင့် အာဆင်နယ်တို့ ဝက်ဖို့ဒ်နဲ့ပွဲ လိုမျိုး ကစားပေါက်ကျပ်ကျပ်နောက်တစ်ပွဲကို ကြုံရပြီလို့ ထင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ကွာခြားသွားတာကတော့ စိတ်ပိုင်းဖြတ်မှုဖြစ်ပါတယ်။ ကစားပုံမကောင်းချိန်မှာ This is our game  ဆိုတဲ့ ခံယူချက်မျိုးက အာဆင်နယ်ကို သယ်ဆောင်သွားခဲ့ပြီး ပွဲချိန်တစ်ခုရလာချိန်မှာ အာဆင်နယ်တို့ ဂိုးတွေရ ၊ ကစားပုံတွေတက်လာခဲ့ပါတယ်။ 

ဆာကာအနေနဲ့လည်း တိုင်တစ်လုံးထိခဲ့ပြီး ၊ အခြားအခွင့်အရေးကိုလည်း ကာဘာလာရို ဆီ တည့်တည့်ကန်ခဲ့မိတာရှိခဲ့လို့ အခုထက်ပိုပြီး မှတ်တမ်းကောင်းမရခဲ့တာဖြစ်ပါတယ်။ အားနဲချက်အနေနဲ့ ပြောရရင်တော့ ဆာကာအနေနဲ့  ထိုးဖောက်မှုအပိုင်းမှာ တိုးတက်နေပေမယ့်  ဂိုးသွင်းယူမှုပိုင်းမှာ အားနည်း နေပါသေးတယ်။ ပွဲတော်တော်များများမှာ   Diagonal Run ကနေကန်ခွင့်ရပေမယ့် မဂိုးတာ များပါတယ်။

လူပြောအလွန်များသွားတဲ့ Build Up Play နဲ့ ပထမဂိုးအပြီးမှာတော့  ပွဲကအာဆင်နယ်တို့ အတွက်ဖြစ်သွားခဲ့ပါတယ်။   အထူးသဖြင့် ဘယ်ခြမ်းက  မာတင်နယ်လီဟာ သိသိသာသာ ကောင်းမွန်ခဲ့ပြီး  လာကာဇက်နဲ့ချိတ်သွားတဲ့ တန်ပြန်တိုက်စစ်တစ်လုံးဟာ ဂိုးရနိုင်တဲ့အထိရှိခဲ့ပါတယ်။ လာကာရဲ့ပေးပုံနဲနဲလိုသွားလို့သာ မာတင်နယ်လီ ဂိုးမရခဲ့တာပါ။ မိနစ် ၉၀ ပြည့်ချိန်မှာတော့ လာကာဇက်ရဲ့ ပထမဂိုး ၊  အိုဒီဂတ်ရဲ့ ဒုတိယဂိုးနဲ့  ဂါဘရီယဲလ် ရဲ့   Set Play ကနေ သွင်းတဲ့ဂိုးတွေကြောင့်  ၃ ဂိုးပြတ်ခဲ့ပြီး  ပိုင်ဆိုင်မှုကလည်း ၃ချိုး ၂ ချိုးလောက်ထိကို စီးပြီးကစားသွားနိုင်ခဲ့ပါတယ်။

တီယာနေရဲ့ ကစားပုံက ခန့်မှန်းရလွယ်တယ်ဆိုပေမယ့် သူ့ Function သူပိုင်တဲ့အခါ အသင်းဖော်‌တွေအတွက် အခွင့်အရေးတွေပိုရစေပါတယ်။ တာဗာရက်စ်ကိုလည်း လိုအပ်တယ်ဆို ပေမယ့် အချို့ပွဲတွေမှာ တီယာနေက ရိုးရှင်းစွာပိုထိရောက်ပါတယ်။  အိုဒီဂတ် အနေနဲ့ အားနဲချက်အဖြစ် ပြောစရာရှိတာက   Risk ယူတဲ့ Pass တွေထက် တိကျသေချာမှုကို အသားပေးလွန်းတာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းနဲ့ချိန်ဆက်ကစားမှုအပိုင်းမှာကတော့ သူ့အဆင့်နဲ့သူ ကောင်းမွန်တဲ့ကစားသမား တစ်ဦးဖြစ်ပါတယ်။  အာတီတာကံကောင်းတာက စမစ်ရိုးနဲ့ အိုဒီဂတ်တို့ဟာ မတူတဲ့ ကစားကွက် ၂ ခုမှာ ပုံစံချလို့ရတာပဲဖြစ်ပါတယ်။

ဇယားအနေအထားကိုပြန်ကြည့်ရင်တော့  ဝုဖ် တို့က မန်စီးတီးကိုရှုံးခဲ့တာကြောင့်  Top 7  နဲ့  8  ကြားမှာ ၅ မှတ်ထိကွာဟနေခဲ့ပြီး ဇယားအထက်နဲ့အောက်ကြားမှာ သီးသန့်ဖြစ်စပြုလာခဲ့ပါတယ်။ အာဆင်နယ်တို့ အနေနဲ့ ရထားတဲ့အရှိန်ကို ဆက်တင်ပြီး ဥရောပဆီ ဝင်တိုးချင်ရင်တော့ ထိုက်သင့်တဲ့ အင်အား ဖြည့်တင်းမှုကိုပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရာမှာတော့   The Arsenal Way ရဲ့ အာဘော်ကို ယူပြီးပြောရရင်  ဘယ်နေရာဖြည့်ဖြည့်အာဆင်နယ်အတွက်အကျိုးရှိစေမှာဖြစ်လို့ ဝယ်မှာသာဝယ်ပါလို့ ဆိုရမှာဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: