အမ်မီနမ် ရဲ့နာမည်ကျော်သီချင်း Stan ကိုအားလုံးသိကြပါလိမ့်မယ်။ အဲ့ဒီသီချင်းမှာ အမ်မီနမ်နဲ့တွဲပြီး အသံအေးအေးလေးနဲ့သီဆိုသွားတဲ့ အဆိုတော်မလေး ဒိုင်ဒို ကိုလည်းအမှတ်ရမိမှာပါ။ ဒိုင်ဒိုဟာ လေးလလောက် ဆိုးကမ်းဘဲနဲ့တွဲခုတ်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ တစ်ခါတုန်းက ဝက်စ်ဟမ်းအသင်းနဲ့ ပွဲကစားနေရင်း ပထမပိုင်းအပြီးမှာ ဆိုးကမ်းဘဲပျောက်သွားတဲ့အကြောင်းအမှတ်ရကြမယ်ထင်ပါတယ်။ အဲ့တာက သူ့ကိုအဆက်ဖြတ်သွားတဲ့ ဒိုင်ဒိုကို မတွေ့ရပဲ မနေနိုင်တော့လို့ ကစားနေတဲ့ပွဲကိုပါရပ်ပြီးတွေ့ဖို့သွားခဲ့တာလို့ သတင်းအချို့က ဆိုပါတယ်။ တကယ်ဟုတ်မဟုတ်ကတော့ သူပဲသိပါလိမ့်မယ်။ ထားပါတော့။ ကိုယ်တွေရဲ့ ကျောက်ဆောင်ဟောင်းကြီးက ခုတော့ အိမ်ထောင်နဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်နေပါပြီ။

အပြောင်းအရွှေ့တွေ ၊ ရလဒ်တွေကြောင့် ပူလောင်နေရတဲ့ စာဖတ်သူတွေအတွက် ခနတာအနားရအောင် ဆိုးကမ်းဘဲလ်နဲ့ ဒိတ်ဘူးတဲ့ နာမည်ကျော်အချို့ကို အတိုချုံးပြီး ရွေးထုတ်ပေးလိုက်ပါတယ်။
မာတီနာဟင်းဂစ်
မသိသူမရှိတဲ့ တင်းနစ်မယ် ဟင်းဂစ်နဲ့ ဆိုးကမ်းဘဲလ်တို့ဟာ ၂ နှစ်လောက်အတူရှိခဲ့ကြပါတယ်။ ၂၀၀၄ ကနေ ၂၀၀၆ လောက်ကာလအတွင်းတွေမှာဖြစ်ပါတယ်။ ဆိုးကမ်းဘဲ တစ်ယောက် ဘောလုံးပွဲကိုထားပြီးထွက်သွားတာကလဲ ၂၀၀၆ ဆိုတော့ ဆိုးကြီး ဘာဇာတ်လမ်းတွေရေးလဲကတော့ ဆိုးကြီးပဲပြောပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မီဒီယာတွေထက်မှာ သူတို့ကို မကြာခနတူတူတွေ့ခဲ့ကြရတဲ့ကာလတစ်ခုပေါ့။ ဟင်းဂစ်က ဆိုးကင်းဘဲ ကိုသိပ်သဘောကျကြောင်း ၊ ဘောလုံးပွဲနဲ့ တင်းနစ်ကိစ္စတွေကြား အားတဲ့အချိန်တိုင်းမှာ တွေ့ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျဲနက်တိုင်လာ
၂၀၀၂ စက်တင်ဘာလမှာတုန်းက ကင်းဘဲရဲ့ ၂၉ နှစ်မြောက်မွေးနေ့မတိုင်ခင်ညမှာပေါ့။ သူ့ရဲ့ဖခင်ဆုံးသွားခဲ့တယ်။ ဒီအဖြစ်တွေက ကင်းဘဲကိုလည်းရိုက်ခတ်ခဲ့တာပေါ့။ ဘောလုံးဆက်ကစားဖို့တောင်ခက်ခဲသွားတဲ့အခိုက်အတန့်တစ်ခုကလည်းဖြစ်ခဲ့ပါတယ်။ ထိုအချိန်မှာ သူ့ဖခင် ရဲ့ကျန်းမာရေးအခြေအနေနဲ့အတူ သူ့ရဲ့ ချစ်သူ တိုင်လာဆီကလဲ ဖုန်းတစ်ကော ကိုလက်ခံရရှိခဲ့ပါတယ်။ အဲ့တာကတော့ တိုင်လာဆီမှာ သူ့နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီဆိုတာပါပဲ။ နောက်ပိုင်းမှာ ဆိုးကင်းဘဲက ပြန်ပြောပြပါတယ်။ ဘာတွေဖြစ်သွားမှန်းမသိတဲ့ အခိုက်အတန့်ပါပဲဗျာ တဲ့။ တိုင်လာနဲ့အတူသားတစ်ယောက်ထွန်းကားခဲ့ပေမယ့် သူတို့နှစ်ယောက် နောက်ပိုင်းမှာ လမ်းခွဲခဲ့ပါတယ်။
ကလဲရ်စတေပယ်လ်
အချစ်နဲ့ပတ်သတ်ရင် မကြာခနရင်မောရတတ်တဲ့ဆိုးကင်းဘဲဟာ ကလဲရ်နဲ့အတွေ့မှာ ပျော်ရွင်မှုတွေတဖန်ပြန်တွေ့ခဲ့တယ်လို့ ဆိုကြပါတယ်။ တွဲခါစမှာ အတူတူပျော်ရွင်နေကြတဲ့ သူတို့အတွဲအကြောင်းကို အစောပိုင်းကာလရဲ့ကြည်နုးစရာတွေကို ဆိုးကင်းဘဲနဲ့ ကလဲရ်ဖြတ်သန်းနေကြတယ် လို့ Mirror မှာဖော်ပြခဲ့ပါတယ်။ ဆိုးကင်းဘဲခြေစွမ်းပျောက်နေချိန်မှာ ကလဲရ်ကကူညီပေးနိုင်ခဲ့ပြီး ၊ ကွင်းထဲမှာ ကင်းဘဲ ခြေစွမ်းပြန်တွေ့လာမှုတွေက တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ကင်းဘဲ ရဲ့မိတ်ဆွေတွေကပြောကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ချစ်သက်တမ်းကသိပ်တော့မကြာခဲ့ပါဘူး၊
တက်စ်မင်း ပရတ်တာ
ဝေလပြည်ရဲ့အလှမယ်တစ်ဦးဖြစ်တဲ့ တက်စ်မင်းနဲ့ ဆိုးကင်းဘဲတွဲကြတုန်းက မီဒီယာတွေမှာ .. နောက်ဆုံးတော့အချစ်စစ်ကိုတွေ့ရှိခဲ့ကြပြီဖြစ်ကြောင်းရေးသားခဲ့ကြပါသေးတယ်။ ထုံးစံအတိုင်း လအနဲငယ်အကြာမှာ ဆိုးကင်းဘဲ အသဲကွဲခဲ့ပါတယ်။
ဖီအိုနာ ဘားရတ်
၂၀၀၂ လောက်ကစပြီး နာမည်ကျော် ၁၁ ယောက်လောက်နဲ့ ဇာတ်လမ်းအဆတ်မပြတ်တဲ့ ဆိုးကင်းဘဲဟာ ၂၀၀၈ မှာတော့ လက်တွဲဖော်ဖြစ်လာမယ့် အိမ်ခန်းတွင်းအလှဆင်ဒီဇိုင်နာ ဖီအိုနာ ဘားရတ် နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ သူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပြီးနောက် အခုထိ အိမ်ထောင်ရေးကအဆင်ပြေနေခဲ့ပါတယ်။ ဒီဇိုင်းနဲ့ပတ်သတ်ရင် မျိုးနဲ့ရိုးနဲ့ ကမ္ဘာကျော်တဲ့ ဖီအိုနာဟာကင်းဘဲရဲ့အိမ်ကြီးကိုလဲ သူ့လက်ရာနဲ့လှပစေခဲ့ပါတယ်။
အတည်ပြုနိုင်တာတွေရော ၊ အတည်မပြုနိုင်တာတွေရောရှိပေမယ့် ကင်းဘဲဟာ အမျိုးသမီး ၁၂ ယောက်လောက်နဲ့တွဲခုတ်ခဲ့ဖူးပြီး မကြာခနအသဲကွဲလိုက် ၊ ပြန်ဆက်လိုက်ဖြစ်နေခဲ့သူပါပဲ။ အခုတော့ ဂန်းနားဟောင်းကြီးရဲ့ဘဝက တည်ငြိမ်စွာပဲရှိနေပါတယ်။