ဘရာဇီးကလာတဲ့သတင်းတွေအရ အာဆင်နယ်တို့ဟာ အင်တာနာစီယွန်နယ် တိုက်စစ်မှုး ယူရီအယ်ဘတ်တို ရဲ့ အေးဂျင့်နဲ့ စကားပြောနေပြီလို့ဖော်ပြလာပါတယ်။
ဟုတ်ပါတယ်။ Goal Brazil ရဲ့ နောက်ဆုံးသတင်းတင်ဆက်မှုအရ ယူရီအယ်ဘတ်တိုရဲ့ အေးဂျင့်ဖြစ်သူ အင်ဒရေကူရီနဲ့ ဆွေးနွေးမှုအချို့ရှိခဲ့ပြီး သူတို့ရဲ့တိုက်စစ်ပြသနာကိုဖြေရှင်းဖို့ကြိုးစားနေပြီလို့ သိရပါတယ်။ ကူရီရဲ့ အဆိုအရ တော့ ၂၀၂၅ ခုနှစ်အထိစာချုပ်ရှိထားတဲ့ အသက် ၂၀ အရွယ်တိုက်စစ်မှုးလေးအတွက် ပေါင် ၁၅ သန်းအောက်ဆွေးနွေးမှုတွေကို အသင်းဖက်က အလိုမရှိဘူးလို့ ဆိုပါတယ်။ အယ်ဘတ်တို ဟာ ဒီရာသီပြိုင်ပွဲစုံမှာ ၁၉ ဂိုးသွင်းပြီး ၄ ကြိမ်ဖန်တီးထားနိုင်ပါတယ်။ ဘရာဇီးလိဂ် က ကျွန်တော်တို့ ပြက္ခဒိန်တွေအတိုင်းသွားတာဖြစ်လို့ နှစ်ကုန်ရင် ရာသီကုန်ပါပြီ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းကတော့ အယ်ဘတ်တိုက ခြေအနဲငယ်ယိမ်းယိုင်နေခဲ့ပြီး ၅ ပွဲလောက် ဂိုးပေါက်လဲပျောက် ၊ ဖန်တီးမှုနဲ့လဲ ဝေးနေခဲ့ပါတယ်။
ဒါပေမယ့် ဂျီယိုနီစ် အသင်းနဲ့ ကန်ခဲ့တဲ့ပွဲမှာ ဂိုးတစ်ဂိုးသွင်းပြီး မှတ်တမ်းဆိုးကိုရပ်တန့်လိုက်ပါတယ်။
အယ်ဘတ်တိုဟာ ဘရာဇီး U23 အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်မှာပဲ အိုလံပစ်ပွဲကို လက်ရွေးစင်အသင်းအတွက်နွှဲခဲ့သူဖြစ်ပါတယ်။ လက်ရွေးစင်အသင်းကြီးနဲ့ ပွဲမကစားရသေးပေမယ့် အနာဂတ်အတွက်တော့ စာရင်းပေါက်တိုက်စစ်မှုးဖြစ်နေခဲ့ပါပြီ။ အလားအလာကောင်းတဲ့ လူငယ်တွေပြည့်နေတဲ့ အာဆင်နယ်အတွက်နောက်ထပ်လူငယ်တစ်ယောက်ကို စာချုပ်ရင်တော့ နဲနဲထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ်။ တကယ်လို့ အာဆင်နယ်က အသင့်သုံးကစားသမားကိုလိုချင်နေတာဆိုရင်တော့ အခြားသော ဝါရင့်ကစားသမားတွေက ပိုသင့်တော်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အာဆင်နယ်နောက်ဆုံးခေါ်ယူသမျှက လူငယ်တွေချည်းပဲဆိုတာလဲ သိထားဖို့လိုပါတယ်။
အာဆင်နယ်ဟာ အယ်ဘတ်တိုကိုစောင့်ကြည့်နေတာတော့ကြာပြီလို့ သတင်းတွေကဆိုပါတယ်။ Globo Esporte ကတော့ ဇွန်လတုန်းက သူတို့ရဲ့ဆောင်းပါးတစ်ပုဒ်မှာ အာဆင်နယ်က အဲဘတ်တိုရဲ့အလားအလာကို သုံးသပ်နေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။
ဂန်းနားတို့ဟာ အင်တာနာစီယွန်နယ်ကို မပြောင်းခင်ကတဲက အယ်ဘတ်တိုကိုစောင့်ကြည့်နေခဲ့တာဖြစ်တယ်လို့လဲ ဆိုထားပြီး အသက် ၁၆ နှစ်အရွယ် ဆန်းတို့စ်နဲ့အတူ မွန်တေဂူ ဖိတ်ခေါ် ပြိုင်ပွဲ ၂၀၁၇ ကတည်းက အာဆင်နယ်တို့ရဲ့ ရေဒါထဲမှာ ကစားသမားကရှိနေတာလို့လဲ ဆိုပါတယ်။ အဲ့ဒီနောက်မှာ အာဆင်နယ်တို့က စကားပြောဆိုမှုရှိခဲ့ပေမယ့် ညှိုနှိုင်းမှုအဆင့်ထိတက်မလာခဲ့ပဲ၊ အင်တာနာစီယွန်နယ်တို့ဆီကို ၂၀၂၀ ခုနှစ်မှာပြောင်းရွှေ့သွားခဲ့ပါတယ်။
ကစားသမားလေးကတော့ သူ့ရဲ့အလားအလာတွေကို အင်တာနာစီယွန်နယ်နဲ့အတူ ပြသထားပြီးပါပြီ။ လက်ရှိကလပ်နဲ့ ၂ ရာသီအတွင်း ၂၉ ဂိုးသွင်းယူထားပြီး ကစားသမားဘဝတစ်လျှောက်မှာ ၃၂ ဂိုးအထိရရှိခဲ့ပြီးဖြစ်ပါတယ်။
Ref – Arsenal in contact with Brazilian striker’s agent/Daily Cannon