အသင်းဟာ ဖြစ်သင့်တဲ့ အဆင့်အတန်းတစ်ခုမှာ ရှိမနေခဲ့ပါဘူး – အိုဒီဂတ်

မနေ့ညက အရှုံးပွဲမှာ အာဆင်နယ်ပရိတ်သတ်ရဲ့ဒေါသသင့်မှုကနေလွတ်ကင်းတဲ့ လူနဲနဲလေးထဲမှာ အိုဒီဂတ်လဲ တစ်ယောက်အပါအဝင်ပါပဲ။ သူက နောက်ဆုံး ၂ ပွဲမှာ ဂိုးသွင်းယူနိုင်ပေမယ့် ကံမကောင်းစွာပဲ အသင်းအတွက်ကတော့ ရှုံးပွဲတွေသာဖြစ်နေပါတယ်။  အမြဲတမ်းစကားကို ရည်ရည်မွန်မွန်ပြောတတ်တဲ့ အိုဒီဂတ်က ညကပွဲအတွက်ကိုတော့ အခုလိုပဲ ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။

အချို့အရာတွေကလက်ခံဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ဟာ ဖြစ်သင့်တဲ့ အဆင့်အတန်းတစ်ခုမှာရှိမနေခဲ့ပါဘူး။  ကောင်းတဲ့အချက်တွေရှိခဲ့ပါတယ်၊ ဒါပေမယ့် ဒီထက်ပိုကောင်းရပါလိမ့်မယ်။  ပိုကောင်းခဲ့သင့်ပါတယ်။  ဘာတွေဖြစ်ခဲ့တယ် ဆိုတာ တိတိကျကျပြောဖို့ခက်ပါတယ်။ ဦးဆောင်နေခဲ့ချိန်မှာ ခုထက်ပိုကောင်းကောင်းကစားနိုင်ရမှာပါ။ ကျွန်တော်တို့က  တိုက်စစ်ဆင်တာရပ်ပြီး သူတို့ကို လုပ်ချင်တာလုပ်ခွင့်ပေးခဲ့ပါတယ်။  နောက်ပြီး စိတ်ဓါတ်ပိုင်းဆိုင်ရာပြသနာတွေ အများကြီးတက်နေခဲ့ပါတယ်။  ကိုယ်က တစ်ဂိုး အသာရနေချိန်မှာ ရှုံးမှာကိုကြောက်နေခဲ့တယ်။ ဒါက ဒီနေ့ပွဲကိုရှုံးစေခဲ့တာပဲ လို့ဆိုလိုက်ပါတယ်။ ဒါက အာတီတာရဲ့နည်းဗျူဟာကို ပြန်လည်သုံးသပ်စေလိုတဲ့သဘောဆောင်ပါတယ်။

Advertisements

ဒီရာသီမှာ အိုဒီဂတ်ဟာ လောကဓံ ကို ၃ ကြိမ်ဖြတ်သန်းပြီးခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အသင်းက သူ့ကိုဘာလို့ခေါ်လဲ ၊ မလိုအပ်ဘူးဆိုပြီး အပြောခံရချိန်မှာတစ်ခါ ၊ နောက်ပိုင်း ဖရီးကစ်ဂိုးကနေ အသင်းကိုနိုင်ပွဲယူပြီးချိန်မှာ အနာဂတ်အသင်းခေါင်းဆောင်ဆိုပြီး ချီးမွမ်းခံရချိန်တစ်ခါ ၊ နောက်ပြီး သူ့ကိုအရံခုံပို့ခဲ့ပြီးနောက် အာဆင်နယ်ရဲ့မအောင်မြင်တဲ့ အပြောင်းအရွှေ့ဖြစ်လာမလားဆိုပြီး မီဒီယာတွေမှာ တစ်ခါ ဖော်ပြကြတာဖြစ်ပါတယ်။ သူကတော့ တည်တည်ငြိမ်ငြိမ်စရိုက်ရှိပုံရပါတယ်။  အာဆင်နယ်မီဒီယာနဲ့တွေ့ဆုံချိန်တုန်းက အခုလိုပြောဖူးပါတယ်။

ကျွန်တော်တို့အားလုံးဟာ ဘောလုံးကိုပျော်ရွင်ဖို့ ကစားနေတာပါ။၊ ဒီတော့ ပျော်ပျော်သာနေကြပါ။ ဒါပေမယ့် လေးလေးနက်နက်ကြိုးစားပါ၊ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ ဘယ်တော့မှအရှုံးမပေးပါနဲ့ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။

အခုအတိုင်းဆိုရင် အာဆင်နယ်တို့ဟာ ဖိအားပေါင်းစုံအောက်ကိုရုတ်ချည်း‌ရောက်သွားပြီဖြစ်ပါတယ်။ ခြေစွမ်းနဲ့ စိတ်ဓါတ်ပေါင်းစပ်ပြီး ပြန်လာရမယ့်ခရီးမှာ အိုဒီဂတ်က ဘယ်အခန်းကဏ္ဏ ကနေပါဝင်နေမှာပါလဲ။  Mirror ရဲ့အဆိုအရ အာဆင်နယ်တို့ရဲ့ ရန်သူဟာ အာဆင်နယ်ပဲဖြစ်နေပါတယ်။  လူငယ်တသိုက်နဲ့ အာတီတာရဲ့အသင်းက ဒီဇင်ဘာမှာအခြေလှနိုင်ပါ့မလား။ တိုက်စစ်မှုးမရှိချိန်မှာ မျှော်လင့်ချက်ရောင်ခြည်သမ်းလာတဲ့ မာတင်နယ်လီကလည်း ဒဏ်ရာရသွားပြန်ပါတယ်။ အာတီတာ ကလည်း စိုးရိမ်နေကြောင်း ထုတ်ပြောလာပါတယ်။  အသင်းပြသနာတက်ချိန်ဆိုရင် ရုန်းရင်းကန်ရင်းနဲ့ အရေးပါလာတတ်တဲ့ အိုဒီဂတ်တစ်ယောက်ကို ရုန်းကန်နေရတဲ့အာဆင်နယ်နဲ့ အတူတွေ့ရဖို့ရှိမယ် ထင်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: