စိတ်ရှည်ရမယ်ဆိုတာ နားလည်ထားတဲ့ မာတင်နယ်လီ
နယူးကာဆယ်နဲ့ပွဲမှာ ဒုတိယဂိုးသွင်းပြီးနောက် Arsenal Media နဲ့တွေ့ဆုံရာမှာ မာတင်နယ်လီက “ ကျွန်တော် စိတ်ရှည်ရပါမယ် . အမြဲပြောခဲ့သလိုပါပဲ .. ၁၀ မိနစ် ဒါမှမဟုတ် မိနစ် ၂၀ လောက်ပဲ ကစားရမယ်ဆိုရင်လဲ ကောင်းကောင်းကစားဖို့အတွက်အသင့်ပြင်ထားရမှာပဲ .. ပရိတ်သတ်တွေကိုကျွန်တော်ချစ်တယ် ၊ ဒီမှာကစားရတာကိုလဲပျော်တယ် .. နိုင်ပွဲအတွက်လည်းအရမ်းဝမ်းသာပါတယ် .. ဒီပွဲက ခက်ခဲမယ်ဆိုတာသိထားပါတယ် .. ဒါပေမယ့် ပြင်ဆင်မှုကောင်းကောင်းလုပ်ထားတော့ အနိုင်ရခဲ့တာဖြစ်ပါတယ် လို့ဆိုခဲ့ပါတယ်။ အူဘာမီယန်ရဲ့ခြေစွမ်းအကျရောက်နေတာ ၊ အာဖရိကဖလားရှိနေတာတွေကြောင့် မာတင်နယ်လီကို ကွင်းထဲမှာ အခုထက်ပိုမြင်ရဖို့ ပရိတ်သတ်တွေမျှော်လင့်နေကြပါတယ်။
အာဆင်နယ်ထက် ရိုမေးနီးယားကလပ်ဖက်က ပိုတက်ကြွနေတဲ့ အီယန်နစ် ဇတ်လမ်း
အာဆင်နယ်က ချဥ်းကပ်နေတယ်ဆိုပြီး သတင်းတွေထွက်နေတဲ့ ရိုမေးနီးယားလေး အီယန်နစ် အတွက် သူ့ရဲ့အသင်းဖက်က အခုလိုပဲ ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။
လက်ရှိအချိန်မှာ သူ့ အတွက် ပေါင် ၇.၅ သန်းနဲ့ ကမ်းလှမ်းထားပါတယ်။ ကျွန်တော်တို့က ပေါင် ၁၀သန်းနဲ့ အနာဂတ်အောင်မြင်မှုပေါ်မူတည်ပြီး ၁၀ ရာခိုင်နှုန်းလောက်ထပ်လိုချင်ပါတယ် လို့ အသင်းရဲ့ ပိုင်ရှင် ဂီဂီ ဘီကာလီ က ပြောခဲ့ပါတယ်။ သူကပဲ အာဆင်နယ်က ကမ်းလှမ်းထားတာကိုအတည်ပြုပေးခဲ့ကြောင်း AS ကိုရည်ညွန်းပြီး Team Talk ကဖော်ပြလာပါတယ်။
ဘာလိုဂန်ကို ပြင်သစ်ဖက်ကလည်း စိတ်ဝင်စားလာနေ
ပြင်သစ်လီဂူးကလပ် စိန့်အက်တီယန်တို့ဟာ လူငယ်တိုက်စစ်မှုး ဘာလိုဂန်ကို ခေါ်ယူလိုနေတယ်လို့ The Sun ကဖော်ပြလာပါတယ်။ ဘာလိုဂန်ဟာ လက်ရှိမှာ လူငယ်အသင်းနဲ့အတူခြေစွမ်းပြနေတာဖြစ်ပြီး အသင်းဖက်ကလည်း ယာယီပြောင်းရွှေ့မှုတစ်ရပ်နဲ့အတူကစားသမားကို အဆင့်မြှင့်တင်ပေးလိုတယ်လို့ သိရပါတယ်။ အခြားပြည်တွင်းအသင်းဖြစ်တဲ့ မစ်ဒယ်ဘရော့ ကလည်း ကစားသမားကိုလေးလေးနက်နက် စိတ်ဝင်စားမှုပြသထားခဲ့ပါတယ်။
ခွင့်လွတ်စရာမရှိတဲ့ အူဘာရဲ့အမှား
အံ့အားသင့်စရာ ကန်သွင်းခွင့်ကိုလွဲချော်ခဲ့တာ အသင်းခေါင်းဆောင် အူဘာကို အီရန်ရိုက်က တော်တော်စိတ်ပျက်နေပုံပါပဲ။
စမစ်ရိုး က ဂိုးသွင်းဖို့အခွင့်အရေးတချို့ရခဲ့တယ်။ အူဘာမီယန်ကတော့ ဘာအကြောင်းပြချက်မှကိုပေးစရာမလိုတာမျိုးပါ။ ကျွန်တော်ဘာပြောရမှန်းတောင်မသိပါဘူး။ သူ့စိတ်ထဲမှာ ဝင်နေပြီးသားကန်ချက်လို့တောင်ထင်နေသလားပဲ .. ဒါပေမယ့် သူလွဲတယ်ဗျ.. အပြင်တိုင်ထိပြီး လွဲပါတယ်။ ကျွန်တော့်အတွက်ကတော့ ဒါခွင့်လွတ်လို့ရတဲ့အမှားမျိုးမဟုတ်ပါဘူး လို့ Premier League Production နဲ့တွေ့ဆုံစဥ်မှာ ဆိုခဲ့ပါတယ်။
အိုဒီဂတ်အဆင်ပြေပါ့မလား
အာဆင်နယ်ပရိတ်သတ်တွေဟာ နွေရာသီမှာ စာချုပ်ခေါ်ယူခဲ့တဲ့ အိုဒီဂတ် ရဲ့ မတည်ငြိမ်တဲ့စွမ်းဆောင်ရည်တွေအတွက် စိတ်ညစ်နေကြပြီလို့ Football London ကဖော်ပြလာပါတယ်။ Just Arsenal Blog ကလဲ အိုဒီဂတ်တစ်ယောက် အခုလိုရုန်းကန်နေရတာ အံ့သြစရာမရှိကြောင်း ၊ ရီးရဲမှာလည်း ရုန်းကန်ခဲ့ရတာဖြစ်လို့ ထိပ်တန်းအဆင့်မှာ သူပြန်လည်ခြေစွမ်းပြလာနိုင်တယ်ဆိုရင်သာ စိတ်ဝင်စားစရာကောင်းမှာဖြစ်ကြောင်းဝေဖန်သွားခဲ့ပါတယ်။