အူဘာမီယန်ကို ပရိတ်သတ်တွေ စိတ်ပျက်နေကြ
နယူးကာဆယ်နဲ့ပွဲမှာ အူဘာမီယန်ဟာ ၇၆ မိနစ်မှာ လာကာဇက်နဲ့လူစားမလဲခင်အချိန်ထိ ၁၃ ကြိမ်ပဲ လူပေးမှုပြုလုပ်နိုင်ခဲ့သလို ၂၅ ကြိမ်ပဲ ဘောလုံးထိခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ပါဝင်ကစားခဲ့ကြတဲ့ အာဆင်နယ်ကစားသမားအားလုံးထက်နဲပါးပါတယ်။ ဒါ့အပြင် အပိုင်အခွင့်အရေးများစွာကိုလဲ လွဲချော်ခဲ့ပြီး ၊ အခုလိုလွဲတာကလည်း ပွဲတွေဆက်နေပြီဖြစ်လို့ ပရိတ်သတ်တွေဟာ အတော်လေး မကျေမနပ်ဖြစ်နေကြပါတယ်။
စမစ်ရိုးကို ယုံကြည်ပေးခဲ့ဖူးတဲ့ ယူနိုက်တက်နည်းပြသစ်ရန်းနစ်
ယူနိုက်တက်နည်းပြသစ်ရန်းနစ် ဟာ တချိန်တုန်းက စမစ်ရိုး ကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၊ လူငယ်ကစားသမားလေးရဲ့ တိုးတက်မှုလမ်းကြောင်းမှာ အဓိက ကျခဲ့သူလည်းဖြစ်ပါတယ်။ ရန်းနစ်က ထိုစဥ်က မကြာခနဒဏ်ရာရတတ်တဲ့ ကစားသမားလေးရဲ့ အရည်အသွေးတွေကို ယုံကြည်ပေးခဲ့သူဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် လိုက်ဇစ်မှာ စမစ်ရိုး အငှားနဲ့သွား ကစားစဥ်က အခုလိုမှတ်ချက်ပေးဖူးပါတယ်။
လေ့ကျင့်ရေးမှာသူပြနေတဲ့စွမ်းဆောင်ရည်တွေဟာ ဘာကြောင့်သူ့ကိုခေါ်ယူခဲ့တယ်ဆိုတာရဲ့အဖြေပါပဲ၊ စမစ်ရိုး ဟာ ရုပ်ပိုင်းကြံ့ခိုင်တယ် ၊ မြန်တယ် ၊ ကန်ချက်တွေကောင်းတယ် ၊ ဒါတွေအားလုံးရောစပ်ထားတဲ့သူပါ လို့ဆိုခဲ့ဖူးတာပါ။ အခုတော့ သူ့ရဲ့လူငယ်လေးနဲ့သူ ပြိုင်ဖက်တွေအဖြစ်ပြန်တွေ့ကြတော့မှာဖြစ်ပါတယ်။
စတာလင်နဲ့ အခြေအနေကို ခန့်မှန်းပြောဆိုတဲ့ ဂျာနယ်လစ်
နာမည်ကျော်အားကစား ဂျာနယ်လစ် တစ်ယောက်ဖြစ်တဲ့ အီယန်မက်ဂယ်ရီ ဟာ Transfer Window Podcast နဲ့တွေ့ဆုံစဥ်မှာ အာဆင်နယ်အသင်းအနေနဲ့ စတာလင်ကို အငှားနဲ့ခေါ်ယူနိုင်ဖွယ်ရှိကြောင်းခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။
ကစားသမားကလည်း နေရာလိုချင်တယ်၊ အသင်းဖက်ကလည်း အကန့်အသတ်ရှိနေတဲ့အနေအထားမှာ အပြောင်းအရွှေ့တစ်ရပ်ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားပါတယ်။ စတာလင်အနေနဲ့ ဇန်နဝါရီကာလမှာအငှားနဲ့ ထွက်မယ်ဆိုရင် စီးတီတို့အနေနဲ့သဘောကျမှာမဟုတ်ပေမယ့် စောင့်ကြည့်ရပါလိမ့်မယ်။ စတာလင်ကို စိတ်ဝင်စားနေတဲ့အသင်းတွေအများကြီးပါပဲ လို့ဆိုခဲ့တာပါ။
မာတင်နယ်လီကို ချီးကျူးကြတဲ့ အီယန်ရိုက်နဲ့ ဖာဘရီဂတ်စ်
အီယန်ရိုက်နဲ့ ဖာဘရီဂက်စ်တို့ဟာ နယူးကာဆယ်အသင်းကို ၂-၀ နဲ့နိုင်တဲ့ပွဲက မာတင်နယ်လီရဲ့သွင်းဂိုး အပေါ်မှာ တူညီတဲ့အမြင်တွေရှိနေကြပါတယ်။ ရိုက်က Metro ကို အခုလိုပြောကြားခဲ့ပါတယ်။
ပုခုံးပေါ်ကနေကျော်လာတဲ့ဘောလုံးကမှန်းရခက်တယ်ဗျ .. သူ့အတွက်ကမျက်ကွယ်အနေအထားပါ။ ဂိုးသမားအတွက်ကတော့ ဘောလုံးကိုမြင်နေရပါတယ်။ တဖက်မှာလည်း အဲ့တာကပဲ မာတင်နယ်လီအတွက်လုပ်ရကိုင်ရလွယ်သွားစေတာပါ။ ဂိုးသမားရဲ့ အာရုံက ထွေပြားနေတုန်းမှာ သိပ်လှတဲ့ အဆုံးသတ်နဲ့ ဂိုးသွင်းသွားတာပါပဲ။ တိုမီယစုရဲ့ပေးပို့မှုကသိပ်ကောင်းပေမယ့် မာတင်နယ်လီရဲ့နေရာယူပုံကလည်း ချိန်သားကိုက်ပါပဲ လို့ တိုက်စစ်မှုးကြီးကဆိုခဲ့တာပါ။
ဖာဘရီဂက်စ်ကလည်း ဒီဂိုးဟာ သိပ်ကောင်းကြောင်း သူ့ရဲ့ တွစ်တာ မှာ ချီးကျူးရေးသားသွားခဲ့ပါတယ်။
လာကာဇက်နေရာ ဘာလိုဂန်များဖြစ်လာမလား
လာကာဇက်ကို လက်လွှတ်ခဲ့ရင် ဘာလိုဂန်ဟာ အာတီတာရွေးချယ်မယ့် ကစားသမားတစ်ယောက်ဖြစ်နိုင်တယ်လို့ Football London က သုံးသပ်လာပါတယ်။ ဘာလိုဂန် ဟာ ယခင်ကတည်းက အရည်အသွေးရှိသူတစ်ယောက်ဖြစ်ပြီး မှာ ၁၄ ဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ကစားသလားလေးဟာ လက်တလောမှာလည်း ဆက်တိုက်စွမ်းရည်ကောင်းတွေပြသထားပါတယ်။ ကစားသမားလေးဖက်ကလည်း ကစားခွင့်ရမယ့်အခြေအနေ ဘယ်အခြေအနေမဆို သူ့အတွက်အဆင်ပြေကြောင်းပြီးခဲ့တဲ့လတွေက ပြောဆိုထားပါသေးတယ်။