အေးဂျင့်တွေနဲ့ ပညာစမ်းနေရမယ့် အချိန်မဟုတ်

သတင်းတစ်ခုရဲ့အဆိုအရ  လီဗာပူးအသင်းကိုရှုံးနိမ့်ပြီးတဲ့နောက်မှာ တိုက်စစ်မှုးခေါ်ယူရေးအတွက် အာဆင်နယ်တို့ဟာ ထိထိမိမိလှုပ်ရှားလာတယ်လို့သိရပါတယ်။ မူရင်းသတင်းကတော့ အဒီယန်မီကိုစိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းပေမယ့် Football London  ရဲ့နောက်ဆက်တွဲသုံးသပ်ချက်ကတော့ စိတ်ဝင်စားစရာပါ။ အာဆင်နယ်တို့ တိုက်စစ်မှုး အရေးတကြီးလိုအပ်နေတာ  လို့ဆိုထားတာပါ။ ဘာကိုဆိုလိုသလဲဆိုရင်  အာဆင်နယ်တို့အနေနဲ့ အသံလွင့်လိုက် စျေးကစားလိုက်နဲ့ အပြောင်းအရွှေ့စျေးကွက်မှာ အချိန်သိပ်ကြာလို့မရဘူးဆိုတဲသဘောပါပဲ။

ပြီးခဲ့တဲ့ ၃ လလောက်ကစပြီး အသင်းနဲ့နာမည်ထွက်တဲ့တိုက်စစ်မှုးစာရင်းကတကယ်မနဲပါဘူး။ အန်ကန်ကူ ၊ အဒီယန်မီ ၊ အီဆက် ၊ အယ်နာဆရီ၊ ဗလာဟိုဗစ် ၊ ကဲဗက်လီဝင် ၊ ဝက်စ်ကင် ၊ ဘယ်လော့တီ စသည်ဖြင့်ပေါ့ .. ဒါတောင်နာမည်မမှတ်မိတော့တဲ့ကစားသမားတွေပါသေးတယ်။ အာဆင်နယ်တို့ဟာ သူတို့ထုံးစံအတိုင်း အေးဂျင့်တွေနဲ့ အပြိုင်ဉာဏ်ကစားရင်း အကျိုးအမြတ်အရှိဆုံးအပြောင်းအရွေ့ကိုဖန်တီးနေချင်ပုံပါပဲ။ ဒါပေမယ့် အဲ့ဒီလိုလုပ်ရမယ့် ကာလဟုတ်မဟုတ်ကတော့ သူတို့ဆုံးဖြတ်ရမယ့်အရာပါ။ အသင်းကတိုက်စစ်မှုးအသဲအသန်လိုအပ်နေတာ တစ် ကမ္ဘာလုံးအသိပါ။ အူဘာမီယန်ဟာ အသင်းကိုဦးဆောင်နေတဲ့တိုက်စစ်မှုးတစ်ယောက်အနေနဲ့ လီဗာပူးနဲ့ပွဲ တစ်ပွဲလုံးမှာ ဘောလုံး ၁၉ ကြိမ်ပဲထိတဲ့အထိဆိုးရွားခဲ့ပါတယ်။

ဆာကာနဲ့ စမစ်ရိုးတို့ဟာ စီနီယာတွေနဲ့ တွဲပြီးကစားရင်းပိုတောက်ပရမယ့်အစားသူတို့ကဝင်ရုန်းနေရပါတယ်။ ဒါက ကစားသမားတွေကို ပိုတောက်ပစေတယ်ဆိုပေမယ့် နည်းမှန်လမ်းမှန်မဟုတ်ပါဘူး။ အခုနောက်ပိုင်းဝင်ရုန်းပေးတဲ့ လာကာဇက်ကို ကာလတိုစာချုပ် ချုပ်ဆိုချင်သလိုလို လဲ သတင်းထွက်လာပြန်ပါတယ်။ ခံစားချက်အရဆိုရင် ပရိတ်သတ်တွေဟာ အမြဲမြင်နေကျမျက်နှာကိုထပ်မြင်ချင်နေသေးပေမယ့် အသင်းကိုအထောက်အကူပြုစေတဲ့အပြောင်းအရွေ့ ဟုတ်မဟုတ်က အချိန်ခနလောက်ပေးပြီးစဥ်းစားရင် သိသာပါတယ်။

ဗလာဟိုဗစ်နဲ့ပတ်သတ်ပြီးအသံတွေအရမ်းကျယ်ပြီးနောက် ကူလူဆက်စကီနဲ့ သတင်းကြီးပြန်တယ်။ နောက်တော့ကွင်းလယ်က ရီနာတိုဆန်းချက်။ အဲ့တာကနေ လီဗာပူးကိုရှုံးအပြီးမှာ အဒီယန်မီနဲ့ သတင်းချက်ချင်းထွက်လာပါတယ်။ ဒါဟာ အာဆင်နယ်ရဲ့လိုအပ်ချက်ကို မီးမောင်းထိုးပြနေတဲ့ နမိတ်ပြအသံတွေပါပဲ။

အန်ကတ်တီယာနဲ့ မာတင်နယ်လီတို့ကလဲ ပြသနာကိုယ်စီနဲ့ပါ။ အန်ကတ်တီယာက သူ့အဆင့်အတန်းတစ်ခုကို ကိုင်ပြီးစွန့်စားချင်တယ်။ မာတင်နယ်လီကလဲ ခြေစွမ်းတစ်ခုပိုင်ထားပေမယ့် ဒဏ်ရာကတဝဲလည်လည်။ နောက်ပြီး ဘာလိုဂန် .. အသင်းကထွက်မယ်လို့သတင်းကြီးခဲ့ပေမယ့် အာတီတာနဲ့ဆွေးနွေးပြီးနောက်ပိုင်းမှာ အသင်းမှာပြန်နေဖြစ်ပေမယ့် အခုနေရာမရတာသေချာတဲ့နောက် စမစ်ရိုးတို့ခြေရာနင်းဖို့ အသင်းပြောင်းချင်နေတယ်။ ခက်တာက အာဆင်နယ် … ဒီကစားသမားတွေနဲ့ပတ်သတ်ပြီး ဘယ်လိုစီမံထားသလဲ မရှင်းလင်းတာပါပဲ။ သက်ကြီးကစားသမားတွေနဲ့အခြေအနေကိုကျားကန်ပြီးသူတို့ရဲ့အဆင့်အတန်းကိုစောင့်မလား။ ဒါမှမဟုတ် တိုက်စစ်မှုးသစ်ဝယ်မှာလား။ တိုက်စစ်မှုးသစ်ဝယ်မယ်ဆိုရင်တော့ လူငယ်တွေက သိပ်ကြိုက်ကြမယ့်ရွေးချယ်မှုမဟုတ်တာသေချာပါတယ်။

ကိုယ်တွေကတော့စောင့်ကြည့်ရုံသာရှိပါတယ်။ အာဆင်နယ်အသင်းတိုက်စစ်မှုးသစ်ခေါ်ဖြစ်မလား ၊ သတင်းတွေနဲ့ပဲ တဝဲလည်လည်ဖြစ်ပြီး နွေအထိရှိတဲ့လူနဲ့ကျားကန်သွားမလား။ ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုခုလုပ်ရမှာဖြစ်ပါတယ်။ အသင်းကို ထိပ်တန်းနေရာထိသွားချင်တယ်ဆိုရင် အခုအချိန်က စင်ပေါ်ကနေပြီး အေးဂျင့်တွေနဲ့ပညာစမ်းရမယ့်အချိန်မဟုတ်လို့တော့ ယူဆပါတယ်။

Advertisement

Leave a Reply

%d bloggers like this: