လီဗာပူးလ်နဲ့အာဆင်နယ်တို့ထိပ်တိုက်တွေ့ဆုံမှုရဲ့ စိတ်ဝင်စားဖွယ်အချက်များ

ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ရဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်ကို စနေနေ့ည မြန်မာစံတော်ချိန် ၁၂နာရီအချိန်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ပုံစံကောင်းတွေပြသနေတဲ့ အမြှောက်တပ်သားတွေကို ကြိုးကြာနီတွေအနေနဲ့ အန်ဖီးလ်မှာ ရပ်တန့်နိုင်မလားဆိုတာကို အားလုံးက စောင့်ကြည့်နေကြမှာဖြစ်တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲပဲဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုမတိုင်မှီစိတ်၀င်စားဖွယ်အချက်တွေကတော့

  • အာဆင်နယ်ဟာ ပြိုင်ပွဲစုံ ၁၁ပွဲဆက်တိုက်၊ ပရီးမီးယားလိဂ်ပွဲစဉ် ၈ပွဲဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး။
  • ဂျာဂင်ကလော့ပ်လက်ထက်မှာ လီဗာပူးလ်အသင်းဟာ အာဆင်နယ်နဲ့နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့လိဂ်ပွဲ ၁၁ ပွဲမှာ ၃၃ဂိုးအထိ သွင်းယူထားပြီး တစ်ပွဲသာရှုံးနိမ့်ထားခဲ့ပါတယ်။
  • အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်ဟာ နှစ်ပွဲအထက်ပွဲထွက်ခွင့်ရထားတဲ့ ပရီးမီးယားလိဂ်ဂိုးသမားတွေအားလုံးထဲမှာ ပေးဂိုးအနည်းဆုံး ဂိုးသမားဖြစ်ပါတယ်။
  • လီဗာပူးလ်ကစားသမားဒီယေဂိုဂျိုတာဟာ အာဆင်နယ်နဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ နှစ်ပွဲမှာ သုံးဂိုးသွင်းယူထားပြီး ၃ဂိုးစလုံးကို လူစား၀င် သွင်းယူခဲ့တာဖြစ်ပါတယ်။
  • လီဗားပူးကစားသမား ဆာလာဟာ အာဆင်နယ်နဲ့ပွဲမှာသာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ရင် ခြောက်ပွဲဆက်တိုက် ဂိုးဖန်တီးမှုလုပ်နိုင်တဲ့ကစားသမားဖြစ်လာမှာဖြစ်ပြီး အာဆင်နယ်ကစားသမားဟောင်း အိုဇေးလ်ရဲ့ ခုနစ်ပွဲဆက်တိုက် ဂိုးဖန်တီးမှုပြုလုပ်ထားတဲ့ စံချိန်ကို မှီဖို့ တစ်ပွဲသာလိုတော့မှာ ဖြစ်ပါတယ်။
  • အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား စမစ်ရိုးဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက် ၂၁နှစ်အောက် ကစားသမားတွေထဲမှာ သုံးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲမှာသာ ဂိုးထပ်သွင်းနိုင်ခဲ့ရင် သူ့အနေနဲ့ မှတ်တမ်းကောင်းတစ်ခုကို ထပ်မံပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
  • လီဗာပူးအသင်းရဲ့ကစားသမား မာနေးဟာ အာဆင်နယ်အသင်းကို ခုနစ်ဂိုးအထိသွင်းယူထားပြီးဒါဟာသူရဲ့ ဒုတိယမြောက် သွင်းဂိုးအများဆုံးယူထားတဲ့ ပြိုင်ဘက်အသင်းလည်းဖြစ်ပါတယ်။ပထမအများဆုံး ဂိုးသွင်းထားခဲ့တဲ့ ပြိုင်ဘက်ကတော့ ခရစ္စတယ်ပဲလေ့စ် (၁၃ဂိုး)ဖြစ်ပါတယ်။
  • အာဆင်နယ်ဟာ ဒီရာသီမှာ အနီရောင်အိမ်ကွင်း၀တ်စုံနဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ တစ်ပွဲသာရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့ Logoမှာ ငှက်ပါတဲ့ အသင်းတွေကိုတော့ ရှုံးနိမ့်ထားခဲ့ခြင်း မရှိသေးပါဘူး။
  • ဒီနှစ်သင်းရဲ့ပရီးမီးယားလိဂ် နောက်‌ဆုံးတွေ့ဆုံမှု ၅၈ ကြိမ်မှာ လီဗာပူးလ်အသင်းက ၂၃ကြိမ်၊အာဆင်နယ်အသင်းက ၁၈ကြိမ် အနိုင်ရထားပြီး ၁၇ကြိမ် သရေကျထားပါတယ်

ဒီပွဲဟာ နှစ်သင်းစလုံးက ကစားသမားတွေအတွက် စံချိန်သစ်တင်ဖို့ကိုယ်စီအခွင့်ကောင်းတွေရှိနေတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

Advertisement

Leave a Reply

%d bloggers like this: