အဝတ်လဲခန်း ခေါင်းဆောင်သစ်များနဲ့အာဆင်နယ်
အဝတ်လဲခန်းကိုလွှမ်းမိုးနိုင်တဲ့ စီနီယာကစားသမား ဒေးဗစ်လူးဝစ် မရှိတော့တဲ့နောက်မှာ ရမ်းစ်ဒေး ၊ ဂါဘရီယယ်နဲ့ ဘန်ဝှိုက်တို့ဟာ အသစ်ပေါ်ပေါက်လာတဲ့ ခေါင်းဆောင်သစ်တွေဖြစ်လာကြတယ်လို့ Mirror ကဖော်ပြခဲ့ပါတယ်။ ဒီကစားသမားတွေဟာ ကွင်းတွင်းမှာ စိတ်အားထက်သန်တဲ့ အပြုအမူတွေနဲ့အတူ ရလဒ်ကောင်းတွေကိုပါတပါထဲ ယူဆောင်လာနိုင်ကြတာကြောင့် ကစားဖော်တွေရဲ့ လေးစားမှုကိုရရှိခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။
တော်ရဲရား နဲ့ ဖီအိုတို့ အမြဲတမ်းစာချုပ်ချုပ်ဖြစ်ဖို့ သေချာနေပြီ
အာဆင်နယ်အသင်းကနေ အငှားသွားရောက်ကစားနေတဲ့ လူးကပ်စ်တော်ရဲယားရဲ့ အေးဂျင့်နဲ့ ဖီအိုအသင်းတို့ဟာ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပြီး အပြောင်းအရွှေ့အတွက်ဆွေးနွေးခဲ့ကြတယ်လို့ Calcio Mercarto ကဖော်ပြလာပါတယ်။ စာချုပ်အရ ပေါင် ၁၅ သန်းနဲ့ဝယ်ယူခွင့်ရှိနေတာကြောင့် ဖီအိုရင်တီးနားတို့ဟာ ဥရုဂွေးသားကို ၁၃ သန်းလောက်နဲ့ အပြီးသတ်ခေါ်ယူဖို့ရှိနေပါပြီ။ တဖက်မှာ ဘယ်အသင်းကိုလဲမသေချာသေးပေမယ့် ရောင်းချဖြစ်မှာတော့ သေချာနေတဲ့ တိုက်စစ်မှုးဗဟာဟိုဗစ်ကြောင့်ငွေကြေးရရှိမယ့် ဖီအိုတို့က ကစားသမားတွေပြန်လည်ဖြည့်တင်းဖို့ စီစဥ်နေတာပဲဖြစ်ပါတယ်။
ဇာကာရီယာကိုလည်း လက်သွက်ဖို့လိုနေ
အသင်းနဲ့ဆက်တိုက်နာမည်ထွက်နေတဲ့ မိုချန်ဂလာဘတ်ရဲ့ ဇာကာရီယာ ကိုယ်တိုင်က ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ပိုအားသန်နေတယ်လို့ဆိုလာတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ပိုပြီး အခွင့်များလာကြောင်း Fichajes ကဖော်ပြသွားပါတယ်။ ဇာကာရီယာကို ရိုးမား အသင်းကလဲ အသဲအသန်လိုချင်နေပြီး ဂျူဗင်တပ်အသင်းကလဲ စောင့်ကြည့်နေတာဖြစ်ပါတယ်။ Justarsenal.com ကတော့ ဇန်နဝါရီမှာ အခြားအသင်းတစ်သင်းသင်းက ကြားဖြတ်ခေါ်ယူသွားတာမျိုးမဖြစ်ဖို့ မျှော်လင့်ရမယ်လို့ သုံးသပ်ထားပါတယ်။ ကစားသမားဟာ ရာသီကုန်ကျရင် အလွတ်နဲ့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ကစားသမာခေါ်ယူရေး လက်သွက်ဖို့ တိုက်တွန်းခံနေရပါတယ်။
လီဗာပူးနဲ့ပွဲ အူဘာသေချာပေါက်ပါမယ်
အားကစားဆောင်းပါးရှင် ချားလ်ဝက်စ် က သူ့ရဲ့ကိုယ်ပိုင် Youtube Channel ကနေ လီဗာပူးနဲ့ပွဲမှာ အူဘာမီယန်တစ်ယောက် ပါဝင်လာမှာဖြစ်ကြောင်းအတည်ပြုသွားခဲ့ပါတယ်။ လစ်ဗျားကိုနိုင်တဲ့ပွဲမှာ ဒဏ်ရာရတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးတဲ့နောက် ၊ အီဂျစ်ကိုရှုံးတဲ့ပွဲမှာလည်း လက်ရွေးစင်အသင်းအတွက်မပါဝင်ခဲ့တာကြောင့်ပရိတ်သတ်တွေအကြားမှာ စိုးရိမ်စိတ်တွေတိုးခဲ့ရတာဖြစ်ပါတယ်။
ထင်တာထက်ပိုကောင်းခဲ့တဲ့ စမစ်ရိုး
အစောပိုင်းကာလတွေတုန်းကတော့ စမစ်ရိုး ကိုအခုလောက်ထွန်းတောက်လာမယ်လို့ မထင်ခဲ့မိကြောင်း အသင်းရဲ့ ကစားသမားဟောင်း ဆက်ညာ က ဝန်ခံသွားခဲ့ပါတယ်။ Freebeats.com နဲ့တွေ့ဆုံရာမှာ သူက အခုလိုပြောခဲ့တာပါ။
သူကတကယ့်ကိုကောင်းမွန်တဲ့ကစားသမားဖြစ်ပါတယ်။ ကျွန်တော်လဲသိပ်အထင်ကြီးမိတဲ့လူငယ်လေးပါ။ ဒါပေမယ့် အစပိုင်းကာလတွေမှာတော့ ကျောနံပါတ် ၁၀ ပေးရလောက်အောင်ကောင်းမယ်လို့ မထင်ခဲ့ပါဘူး။ တကယ်လည်း နဲနဲစောနေခဲ့ပေမယ့် သူရဲ့အသက်အရွယ်နဲ့မလိုက်တဲ့ရင့်ကျက်မှုတွေကြောင့် တကယ့်ကိုပဲထိုက်တန်ပါတယ်..အချို့ကစားသမားတွေဟာ ကျောနံပါတ် ၁၀ ဝတ်ဆင်ပြီးရင် သူတို့ကိုယ်သူတို့အထင်ရောက်တတ်ကြလို့ သူအပေါ်ဖိအားတွေများနေမှာ ၊ သူဘယ်လိုထိမ်းကြောင်းမယ်ဆိုတာကို စိတ်ပူမိတာပါ။ လို့ပြောသွားခဲ့တာပါ။
ပေပေနဲ့သတင်းကို တုန့်ပြန်ခဲ့ကြတဲ့ တော်ဖီ ပရိတ်သတ်များ
ပေပေကိုခေါ်ယူဖို့ ကမ်းလှမ်းမယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်လာချိန်မှာ အဲဗာတန် ပရိတ်သတ်တွေကတော့ နောက်ထပ်အီဝိုဘီတစ်ယောက်မလိုချင်တော့ဘူးဆိုပြီး ပြင်းပြင်းထန်ထန်တု့န်ပြန်ခဲ့ကြပါတယ်။ အာဆင်နယ်ရဲ့ ပေါင် ၇၂ သန်းတန်တောင်ပံလူကို စျေးသက်သာစွာနဲ့ခေါ်ယူနိုင်မှာဖြစ်ပေမယ့် တော်ဖီပရိတ်သတ်တွေဟာ တကယ့်စွမ်းဆောင်ရည်ထက် ဟန်ရေးပြတွေများနေသူအဖြစ်သာ ပေပေကိုမြင်နေကြပြီး မခေါ်ယူစေချင်တာပါ။