နောက်ဆုံးရ အာဆင်နယ် သတင်းများ (17Nov)

သူ အေဂျက်စ်ကိုလာခဲ့သင့်တာပါ

အာဆင်နယ်ကွင်းလယ်လူမာတင်အိုဒီဂတ်ဟာ သူလိုချင်တဲ့ ကစားသမားမျိုးဖြစ်ကြောင်း နည်းပြ ဗန်ဟားကပြောပါတယ်။ ဆက်လက်ပြီး စပိန်သားဟာ ၂၀၁၅ ခုနှစ်တုန်းက ရီးရဲမက်ဒရစ်အစား အေဂျက်စ်ကိုရွေးခဲ့သင့်ကြောင်းလဲ သူကဆိုပါတယ်။

အိုဒီဂတ်က ဖန်တီးမှုလဲကောင်းတယ် ၊ ပေးပို့မှုလဲထူးချွန်တဲ့သူပါပဲ။ ကစားဖော်တစ်ယောက်ဘောလုံးလိုချင်ပြီဆိုရင် သူက ရောက်အောင်ပေးပို့နိုင်တဲ့သူမျိုးပါ။ အသင်းနဲ့တစ်သားထဲရှိနေတဲ့ ကစားသမားမျိုးပါပဲ။ သူလူငယ်ဘဝတုန်းက အေဂျက်စ် ဒါမှမဟုတ် အယ်ခမာအသင်းတွေကို‌ရွေးချယ်ခဲ့သင့်တယ်   လို့  Norwegian TV2  နဲ့တွေ့ဆုံရမှာပြောကြားခဲ့တာပါ။

ချိန်ဘာစ်ကို စိတ်ဝင်စားနေတဲ့ အဲဗာတန်အသင်း

အဲဗာတန်အသင်းဟာ ဒဏ်ရာရနေတဲ့ သူတို့ရဲ့ကစားသမား ကိုးမန်းနေရာကိုအစားထိုးဖို့အတွက် ချိန်ဘာစ်ကို ပေါင် ၅ သန်းနဲ့ ဇန်နဝါရီမှာပဲခေါ်ယူဖို့ ကမ်းလှမ်းဖွယ်ရှိတယ်လို့သိရပါတယ်။ ချိန်ဘာဟာ ၂၀၁၄-၁၅ ရာသီမှာ ပွဲထွက်ပေးခဲ့သူဖြစ်ပြီး ဒဏ်ရာမကြာခနရတတ်တာကြောင့် ၇၄ ပွဲသာကစားပေးထားနိုင်ပါတယ်။ တော်ဖီ တို့ဟာ အာဆင်နယ်ရဲ့  နိုင်းလ်စ် ကိုလည်းချိတ်ဆက်ခဲ့ဖူးပြီး အခုတစ်ခါမှာတော့ ချိန်ဘာစ်ကို စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

တိုမီယာစုနေရာကို ကာဗာလုပ်ဖို့ မန်စီးတီးနဲ့ပြိုင်ရမယ့် အီဒူး

ညာနောက်ခံလူတိုမီယစုရဲ့စွမ်းဆောင်ရည်ဟာ ကောင်းမွန်နေပေမယ့်လည်း နောက်ထပ်ကစားသမားသစ်ရှာဖွေနေတဲ့ အီဒူးဟာ အေဂျက်နောက်ခံလူ  မက်ဇ်ရာအိုဝီ ကို မန်စီးတီးနဲ့အပြိုင်ကြိုးပမ်းဖွယ်ရှိကြောင်း သတင်းတွေကဆိုပါတယ်။ အဆိုပါကစားသမားဟာ အေဂျက်စ်တို့အတွက် အဓိက ကစားသမားဖြစ်ပြီး ဒီရာသီမှာ ၄ ဂိုးသွင်းပြီး ၃ ကြိမ်ဖန်တီးပေးထားနိုင်တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်ပဲရှိသေးတဲ့ကစားသမားဟာ လူငယ်တွေနဲ့အသင်းကိုဖွဲ့စည်းနေတဲ့ ဂန်းနားတို့ရဲ့မူနဲ့လည်းသင့်တော်လျှက်ရှိပါတယ်။

ရီနာတိုဆန်းချက်ကို ခေါ်ယူဖို့ သတင်းထွက်လာခဲ့ပြန်

ပြင်သစ်သတင်းစာ  Le10 ရဲ့အဆိုအရ အာဆင်နယ်တို့ ဟာ ရီနာတိုဆန်းချက် ကိုအလွန်စိတ်ဝင်စားနေပြီး လာမယ့်ရက်ပိုင်းတွေမှာ စတင်ကမ်းလှမ်းဖွယ်ရှိတယ်လို့ဆိုပါတယ်။ စီနီယာကစားသမားဘဝမှာ ပွဲပေါင်း ၂၀၂  ကစားပြီး  ၁၂ ဂိုးသွင်းယူထားနိုင်တဲ့ ကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်မှာ ဆွမ်ဆီးနဲ့အတူဖြတ်သန်းစဥ်ကတော့မအောင်မြင်ခဲ့ပါဘူး။ ဆန်းချက်ကို အာဆင်နယ်နဲ့အတူ လီဗာပူးအသင်းကလည်း စောင့်ကြည့်နေတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

နောက်တစ်ခါ မကျန်ရစ်စေဖို့ လက်သွက်ရမယ့် အာဆင်နယ်

Football London သတင်းစာကတော့   အီဒူယာ တုန်းက အကြာကြီးစောင့်ကြည့်လာခဲ့ပြီးမှ ဗီအဲရာဆီပါသွားတာမျိုး အဒီယမ်မီ ဆီမှာ ထပ်မဖြစ်လာစေဖို့   ခပ်သွက်သွက်လှုပ်ရှားသင့်ကြောင်းသုံးသပ်သွားပါတယ်။ ဆဲဘတ်ကစားသမားလေးဟာ အာဆင်နယ်ရဲ့ စာရင်းထဲမှာတောက်လျှောက်ရှိနေခဲ့ရကနေ အခု ဘာစီနည်းပြ ဇာဗီကပါ စိတ်ဝင်စားလာတာကြောင့် အာဆင်နယ်အနေနဲ့ အပြိုင်တွေကြားထဲလက်သွက်မှရပါတော့မယ်။ ဆဲဘတ်တို့ဟာ တောင်ပံကစားသမားလေးအတွက် ပေါင် ၂၅ သန်းကနေ ၃၄ သန်းကြားလောက်အလိုရှိနေပါတယ်။

Advertisement

Leave a Reply

%d bloggers like this: