နောက်ဆုံးရ အာဆင်နယ် သတင်းများ (15Nov-10am)

ဘာလိုဂန်ကိုလိုချင်ကြတဲ့အသင်းများ

အသင်းရဲ့လူငယ်တိုက်စစ်မှုးလေး ဘာလိုဂန်ကို ချန်ပီယံရှစ်ကလပ်တွေဖြစ်ကြတဲ့  မစ်ဒယ်ဘရော့ နဲ့  ရှက်ဖီးယူနိုက်တက်တို့က အပြိုင်စိတ်ဝင်စားနေကြတယ်လို့   The Sun UK ကဖော်ပြသွားပါတယ်။  ပြီးခဲ့တဲ့ ဇွန်လတုန်းက အသင်းကထွက်ခွာဖွယ်ရှိတဲ့အနေအထားကနေ ဆုံးဖြတ်ချက်ကိုပြင်ပြီး စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ တိုက်စစ်မှုးလေးဟာ ပွဲကစားခွင့်ပိုရဖို့အလိုရှိနေပြီး ၊ စိန်ခေါ်မှုသစ်တွေကိုရင်ဆိုင်လိုတယ်လို့ ဖွင့်ပြောထားပါတယ်။ အာဆင်နယ်အသင်းဖက်ကတော့  ဒီဇင်ဘာလထဲမှာ အငှားနဲ့စေလွှတ်ဖို့ရှိမရှိကို ဆုံးဖြတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဗန်ဒီဘိခ်ကိုခေါ်ဖို့ တိုက်တွန်းတဲ့ ကင်းဘဲလ်

အာဆင်နယ်ကစားသမားဟောင်း ကီဗင်ကင်းဘဲက Highbury Squad YouTube channel  နဲ့တွေ့ဆုံရာမှာ အာဆင်နယ်အသင်းအနေနဲ့ မန်ယူနိုက်တက်ကွင်းလယ်လူ ဒွန်နီဗန်ဒီဘိခ်ကိုခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။  “ ဒီကောင်လေးက သိပ်ကောင်းတယ်ဗျ၊ အေဂျက်စ်မှာ သူလုပ်ပြခဲ့ပြီးပြီလေ ,, ဘာလို့ယူနိုက်တက်မှာမကစားရလဲတော့မပြောတတ်ပါဘူး၊ ကျွန်တော်ကတော့အာဆင်နယ်ကို ကစားသမားကောင်းရစေချင်တယ်။ ကစားခွင့်သာရရင် ဗန်ဒီဘိခ်ကအစွမ်းပြမှာပါ “     လို့ ပြောဆိုခဲ့တာပါ။

ရှာခါတစ်ယောက်နှစ်သစ်မှာပြန်လာနိုင်မယ်

ဒဏ်ရာရနေတဲ့ကွင်းလယ်လူ ရှာခါရဲ့  ပြန်လည်တိုးတက်လာနေတဲ့ အနေအထားကို အာတီတာက အတည်ပြုပေးခဲ့ပါတယ်။  ဂရန်းနစ်ရဲ့အခြေအနေတွေကတိုးတက်နေပါတယ်။ ကနဦးအဆင့်တော့ ပြန်ကောင်းလာခဲ့ပါပြီ။ အခုလောလောဆယ်မျှော်မှန်းထားတာကတော့ လာမယ့်နှစ်ဆန်းမှာ လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနိုင်ဖို့ပါပဲ   လို့ ဆိုခဲ့တာပါ။ ရှာခါကလည်း  ဆိုရှယ်မီဒီယာမှာ  လောလောဆယ်ဒူဘိုင်းမှာ ကြံ့ခိုင်ရေးကိုတည်ဆောက်နေကြောင်း ၊ တစ်ရက်ခြင်းမှာတိုးတက်လာနေကြောင်းပရိတ်သတ်တွေကို သတင်းပေးသွားခဲ့ပါတယ်။

ပေပေကို အသုံးချပြီး ကမ်းလှမ်းချင်နေတဲ့ အာဆင်နယ်

တောင်ပံလူ နီကိုးလပ်စ်ပေပေနဲ့အလိုက်ပေးပြီး ကူလူဆက်စကီ ကိုကမ်လှမ်းဖို့ကြိုးစားနေပေမယ့် ဂျူဆင်တပ်စ်တို့ဟာ ‌‌ ငွေသားသက်သက် ပေါင် ၃၅ သန်းကိုသာအလိုရှိနေတယ်လို့   Calcio Mercat ကဖော်ပြလာပါတယ်။ စီးရီးအေအသင်းမှာ ပွဲထွက်ခွင့်ရဖို့ မသေချာတော့တဲ့ ကစားသမားလေးကို တောင်ပံလူလိုအပ်နေတဲ့ အာဆင်နယ်က တောက်လျှောက်လိုက်နေခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာ ကမ်းလှမ်းမှုသတင်းတွေဆက်လာခဲ့တာပါ။အသင်းမှာမလိုတော့တဲ့ကစားသမားနဲ့အလိုက်ပေးပြီးကမ်းလှမ်းတာက မှန်ကန်တဲ့ နည်းဗျူဟာအဖြစ်ဖော်ပြနေကြပေမယ့် တဖက်အသင်းရဲ့နှစ်သက်မှုကိုတော့ မရရှိခဲ့ပါဘူး။

နိုအာလန်းအတွက် အရှိန်မြှင့်ဖို့လိုပြီဖြစ်တဲ့အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဘရုဂေး ကစားသမား နိုအာလန်းကိုခေါ်ယူဖို့   အေစီမီလန်အသင်းကလဲအပြိုင်ကြိုးစားလာတဲ့အတွက် လုပ်ဆောင်မှုတွေအရှိန်မြှင့်ရတော့မယ်လို့  Football London ကဖော်ပြလာပါတယ်။ အသက် ၂၂ နှစ်ပဲရှိသေးသလို မှတ်တမ်းကောင်းတွေရထားတဲ့ ကစားသမားလေးဖြစ်တာကြောင့် လိုချင်သူများတဲ့အထဲ အာဆင်နယ်အသင်းကနာမည်အထွက်ဆုံးဖြစ်နေခဲ့တာပါ။

Leave a Reply

%d bloggers like this: