နောက်ဆုံးရအာဆင်နယ်သတင်းများ (14 Nov)

ပေပေအရောင်းသတင်းတွေဖတ်ရတော့မှာလား

အာဆင်နယ်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက ကလပ်စံချိန်တင်စျေးနဲ့ခေါ်ယူထားခဲ့တဲ့ နီကိုလာပေပေ ကိုပေါင် ၂၅ သန်းခန့်ရရင်ပြန်လည်ရောင်းချလိုနေပေမယ့် ဝယ်မယ့်အသင်းရှာဖွေဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ Football London ရဲ့ဖော်ပြချက်အရ တိုက်စစ်မှာနေရာစုံကစားနိုင်တဲ့ ဂျူဗင်တပ်အသင်းရဲ့  ကိုလိုဆစ်စကီကို ခေါ်ယူဖို့ကြိုးပမ်းဖွယ်ရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ လက်ရှိတောင်ပံကစား ဆာကာကိုလည်းပိုင်ဆိုင်ထားတာကြောင့် တောင်ပံမှာ နေရာရဖို့ကတော့ပိုမိုခက်ခဲနေခဲ့ပြီဖြစ်ပါတယ်။

အသင်းကြီးတွေပါဝင်လာတဲ့ ကူလူဆက်စကီလုပွဲ

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွေ့အသံအကျယ်လောင်ဆုံးဖြစ်လာတဲ့ အသက် ၂၁ နှစ်အရွယ် ဂျူဗင်တပ်စ် ကွင်းလယ်လူ ကူလူဆက်စကီ ကို ဘိုင်ယန်မြူးနစ်နဲ့ စပါးအသင်းတို့ကပါချိတ်ဆက်လာပြီလို့   Calcio Mercarto ကဖော်ပြလာပါတယ်။ အဆိုပါဆွီဒင်သားကို နည်းပြ အယ်လီဂရီက ပုံမှန်နေရာပေးနိုင်ဖွယ်မရှိတဲ့နောက် ကစားသမားဟာ အသင်းပြောင်းဖို့စတင်ကြံစည်လာရတာပါပဲ။ Pro ကစားသမားဘဝမှာ ၁၀၄ ပွဲကစားပြီး ၁၈ ဂိုးသွင်းထားတဲ့ ကစားသမားလေးဟာ လူငယ်တွေကို ဦးစားပေးတဲ့ အာတီတာနဲ့ အာဆင်နယ်ရဲ့ပေါ်လစီနဲ့လဲ ကိုက်ညီနေပါတယ်။နောက်ပြီး ဗလာဟိုဗစ်ထက်တောင် ပိုပြီးအသင်းနဲ့ကိုက်ညီကြောင်းသုံးသပ်မှုများလည်းရှိနေပါတယ်။

တိုမီယာစုပြောပြခဲ့တဲ့ အာတီတာရဲ့ကစားပုံအကြောင်း

ပရိတ်သတ်တွေနှစ်သက်နေကြတဲ့ ကစားသမားတိုမီယာစုက   ဂျပန်သတင်းစာ Nishi Nippon Sports   နဲ့တွေ့ဆုံရာမှာ အာတီတာရဲ့နည်းစနစ်တွေနဲ့ပတ်သတ်ပြီး အခုလိုပြောပြခဲ့ပါတယ်။

အာတီတာကစားချင်တဲ့ပုံစံကိုရဖို့အတွက် လေ့ကျင့်‌ရေးမှာ ကိုယ့်ပုံစံကိုယ်ပြောင်းဖို့ စိတ်ပိုင်းဖြတ်ရပါတယ်။ အဲ့ဒီနောက် ကွင်းထဲမှာ စိတ်ကိုရှင်းရှင်းထားပြီး ယုံကြည်မှုအပြည့်နဲ့ကစားရပါတယ်။ ဒီလိုနဲ့ပဲ တဖြေးဖြေးသူလိုချင်တဲ့ပုံစံရလာမယ်လို့မျှော်လင့်ထားပါတယ်  လို့ဆိုပါတယ်။ ဆက်လက်ပြီး အာဆင်နယ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပေမယ့် ထိပ်ဆုံးမှာရှိမနေသေးကြောင်း ၊ တူတူဆက်ကြိုးစားပြီးအဆုံးမရှိအောင်မြင်မှုတွေဆီသွားလို့ ရကြောင်းပြောသွားခဲ့ပါတယ်။

စတာလင်လုပွဲမှာ ရင်ဆိုင်ရမယ့် တစ်သင်းလျော့သွားတဲ့ အာဆင်နယ်

ဘာစီလိုနာအသင်းဖက်က လက်လျှော့ဖွယ်ရှိနေတာကြောင့်  စတာလင်ကိုခေါ်ယူဖို့ အာဆင်နယ်အသင်းက ပိုပြီးအခွင့်အရေးများလာပြီလို့  Football London  ကဖော်ပြလာပါတယ်။ တချိန်က လူငယ်ကစားသမားဘဝမှာ ခေါ်ယူချင်ခဲ့ပေမယ့် လီဗာပူးကလက်ဦးသွားခဲ့တဲ့ ကစားသမားဟာ အခုအချိန်မှာတော့ မန်စီးတီးအတွက် ၁၁၈ ဂိုးသွင်းပြီး ၈၈ ကြိမ်ဖန်တီးပေးတယ်ဆိုတဲ့ထိပ်တန်းမှတ်တန်းကို သယ်ဆောင်ထားနိုင်ပြီပဲဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားအတွက် အမြင်သုံးသပ်ချက်တွေကတော့ ကြိုဆိုမှုရော ၊ဝေဖန်မှုပါရှိနေပါတယ်။

လက်ရွေးစင်အသင်းတွေက လိုချင်နေတဲ့ အာဆင်နယ်လူငယ်လေး

ခြေစွမ်းပြသနေတဲ့ အာဆင်နယ်လူငယ်လေး မာဆယ်လို ဖလိုရက်စ်အနေနဲ့ အဂ်လန် နဲ့  ကနေဒါတို့ကိုငြင်းပယ်ပြီး မက္ကဆီကိုအတွက်ကစားပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း မက္ကဆီကိုနည်းပြကဆိုပါတယ်။ လက်တလောမှာလည်း အသင်းနိုင်ပွဲမရခဲ့ပေမယ့် ကစားသမားလေးရဲ့စွမ်းဆောင်ရည်ကြောင့်ချီးကျူးမှုတွေကိုရရှိနေတာဖြစ်ပါတယ်။

သူက မက္ကဆီကိုအသင်းအတွက်အရမ်းအကျိုးပြုနိုင်သူပါ။ရင့်ကျက်လာတယ် ၊ ပွဲအကြောင်းကိုလည်းသေချာနားလည်တယ် ၊ မက္ကဆီကိုအတွက်သူကစားပေးဖို့ဆိုတာ အရမ်းအ‌ရေးကြီးပါတယ်  လို့နည်းပြ ပီရက်ဇ်က ဆိုပါတယ်။

Advertisement

Leave a Reply

%d bloggers like this: