ဘောလုံးကျွမ်းကျင်သူတွေအနေနဲ့ အာတီတာသာ 4-4-2 Formation ကိုဆက်ပြီးအသုံးုနေမယ်ဆိုရင် ရာသီအစတုန်းက ခေါ်ယူထားတဲ့ အိုဒီဂတ် အနေနဲ့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရလိမ့်မယ်လို့ သုံးသပ်ပြောကြားနေပါတယ်။ ဂျာနယ်လစ် ပေါလ်ဘရောင်းကလည်း “ အိုဒီဂတ်အနေနဲ့ ကစားပုံကောင်းနေပေမယ့် အာတီတာအနေနဲ့ သူ့ကိုခုထက် ပိုပြီးကြိုးစားစေချင်ပုံရပါတယ် “ လို့ဆိုခဲ့ပါသေးတယ်။ ကစားသမားကတော့ ရတဲ့အချိန်မှာ ရသလိုအကောင်းဆုံးကြိုးစားနေပြီး ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း အူဘာမီယန်သာအမှားမလုပ်ခဲ့ရင် သွင်းဂိုးတစ်ဂိုးရနိုင်ဦးမှာဖြစ်ပါတယ်။
